Tuesday, 9 December 2014

စန္ဒယားလှထွဋ်








ကျွန်တော်တို့ မြန်မာ ဂီတသမိုင်းထဲက ဂန္ဓ၀င် စန္ဒယား ပညာရှင်ကြီး သွားလေသူ စန္ဒယား ဦးလှထွဋ်ရဲ့ အကောင်းဆုံး သီချင်းတွေရဲ့ နုတ်သင်္ကေတတွေကို ရှားရှားပါးပါး ရှာဖွေစုဆောင်းရရှိထားတာပါ။ Numbered Notation သာမက ဘဲ အပြည်ပြည်ဆိုင်ရာသုံး International/Standard Notation ပါ ၂ မျိုးစလုံးပါပါတယ်။ဆရာကြီးဟာ Numbered Notation နဲ့သာရောင့်ရဲ တင်းတိမ်မနေဘဲ. အပြည်ပြည်ဆိုင်ရာသုံးနုတ်သင်္ကေတတွေကိုသာ
ကျွမ်းကျင်တတ်မြောက်အောင် လုပ်ကြဖို့ မြန်မာ့ဂီတပညာရှင်/၀ါသနာရှင်တွေကို အထူးအလေးထား တိုက်တွန်းခဲ့ ပါတယ်။ ဒါကြောင့်မို့သူ့ သီချင်းနုတ်တွေအားလုံးကို
International Notation တွေနဲ့သာအဓိကထားရေးသား ဖေါ်ပြလေ့ရှိ ခဲ့ပါတယ်။ သူဆုံးခါနီးထိ သူ့ကီးဘုတ်ကိုကွန်ပြူတာနဲ့ဆက်ပြီး သီချင်းတီးလိုက်ရင် ကွန်ပြူတာကနေ International Notation တွေ Auto လိုက်ရေးပေးတဲ့ Software မြန်မာဗားရှင်းကိုတီထွင်နေဆဲလို့ကြားသိခဲ့ရဘူးပါတယ်။ ဆရာကြီးဆုံးသွားတော့ သူ့ Software လေးထွက်လာသံမကြားရတော့ပါဘူး။

4 comments:

  1. ပန်းတွေနဲ့ဝေ ဂစ်တာ pro နုတ်လေးရရင်ကောင်းမှာပဲခင်ဗျ

    ReplyDelete
    Replies
    1. တင်ထားတယ်လေ..ဂျာ

      Delete
  2. ကျေးဇူးအရမ်းအရမ်းတင်တယ်ဗျာ.......

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete