Tuesday, 22 September 2009

နိုင်ဇော် (Lazy Club)


Glitter Words


ှုIron Cross Band က ဂစ်တာသမား ကိုချစ်စမ်းမောင် က ခြောက်ကြိုးကဝေဆိုတဲ့ ဂစ်တာ ဆိုလို အယ်လ်ဘမ် တစ်ခုထွက်ခဲ့ဖူးသလို. Lazy Club က ဂစ်တာသမား ကိုနိုင်ဇော်က လည်း မြေအောက်ကကြိုးဆိုပြီး ဂစ်တာဆိုလိုအယ်လ်ဘမ်တစ်ခုထွက်ခဲ့ပါတယ်။ နုတ်စာအုပ်ပါထွက်ခဲ့ပါတယ်။ အဲဒီစာအုပ်နဲ့စီဒီ ကိုလေ့လာချင်လို့ မှာတာမရလိုက်ပါဘူး။ အဲဒီ့ ဂစ်တာဆိုလို အယ်လ်ဘမ်ထဲက စံတော်ချိန်(သို့မဟုတ်) ရွေ့လျားခြင်းသစ္စာတရားဆိုတဲ့ နုတ်လေးတစ်ခုဘဲ အင်တာနက်မှာသူများတင်ထားတာတွေ့လို့ ရလိုက်
ပါတယ်။ ပြန်မျှလိုက်ပါတယ်။ တစ်ခွေလုံးရဲ့နုတ်တွေတစ်နေ့ရခဲ့ရင်.ပြန်တင်ဖို့ကိုနိုင်ဇော်အခန်းလေး
ကြိုဖွင့်ထားလိုက်တာပါ။ ဂစ်တာသမားတစ်ယောက်ရဲ့ နုတ်စာအုပ်ကတော့ ရှိထားသင့်တယ်ထင်ပါတယ်။
သူ့ဂစ်တာတီးနည်းအယူအဆတွေကို သူ့နုတ်စာအုပ်နဲ့ယှဉ်တွဲလေ့လာ အတုယူနိုင်အောင်ပါ။
လောလောဆယ်တော့ အဲဒီ့နုတ်ကလေးတစ်ခုဘဲ တင်လိုက်ပါတယ်။











5 comments:

  1. သိပ်ကောင်းပါတယ် ။ ခြောက်ကြိုးကဝေထဲက Notes တွေရှိရင်လဲ တင်ပေးပါအုံးဗျာ ။ ကျေးဇူးအရမ်းတင်ပါတယ် ။

    ReplyDelete
  2. ခြောက်ကြိုးကဝေထဲက unplugged သီချင်းဆိုလိုကိုကြိုက်ပါတယ်
    country သီချင်းကိုပြောတာမဟုတ်ပါဘူး
    သီချင်းနံပါတ်မမှတ်မိတော့လို့ပါ အဲ့ note ၇ှိ၇င်တင်ပေးကြပါဗျာ
    ကျေးဇူးတင်ပါတယ်
    အ၇င်က ဆို သီချင်းတစ်ပုဒ်တီးချင်၇င် နုတ်၇ှာနေ၇တာ ခေါင်းကိုက်တယ်
    သိပ်လည်းမကျွမ်းကျင်တော့
    အခုက အသင့်တီး၇ုံဆိုတော့
    ဟိဟိ ကျေးဇူးအထူးပေါ့

    ReplyDelete
  3. ဝေးကွာခြင်းမျဉ်းပြိုင်များ ဂစ်တာပရို၆ နုတ် ကို ပင်ပင်ပန်းပန်းထုတ်နုတ် လှူဒါန်းသူမှာ ဂစ်တာချစ်သူကိုအောင်နိုင်ပါခင်ဗျာ..ကျေးဇူးတင်ကြပါ။

    ReplyDelete
  4. တခြားကမ္ဘာက ဂီတ ကို နုတ်ရေးသူဟာ ဂစ်တာချစ်သူကိုအောင်နိုင်ပါဘဲခင်ဗျာ.

    ReplyDelete
  5. ပန်းပွင့်ယိမ်းနဲ့ နှုတ်ဆက်ခြင်း နုတ်များပေးပို့လှူဒါန်းသူ ဂစ်တာချစ်သူ ကိုအောင်နိုင်ပါ။ လှူထားတာကြာပါပြီ။ လုံးဝမအားကြလို့ သူ့ နုတ်လေး ၂ ခု ချက်ချင်း မတင်ပေးနိုင်ခဲ့တာ ခွင့်လွှတ်ပေးကြပါခင်ဗျာ

    ReplyDelete