Tuesday, 1 September 2009

ဂစ်တာအက်ဖက်များ နှင့် ဂစ်တာအန်ပလီဖိုင်ယာများ ကို ချိန်ညှိခြင်း ( SPECIAL BONUS ! )




တကယ်တော့ ကျွန်တော်တို့ ဂီတ၀ါသနာရှင်သူငယ်ချင်းအချို့ အနေနဲ့ ရတဲ့အချိန်လေး တစ်ချို့ ကို ဖဲ့  ပြီး  မြေစမ်းခရမ်းပျိုးစတင်ခဲ့တဲ့ ဒီ Notation-Blog လေးဟာ လာရောက်လည်ပတ်သူ ဂီတ၀ါ သနာရှင် များ သတိထားမိ ကြမည်ဖြစ်တဲ့အတိုင်း၊ တေးသီချင်းတွေရဲ့ နုတ်စ်တွေချည်းသက်သက်အတွက်သာ ရည်ရွယ် တည်ဆောက် ထားခဲ့တာပါ။ Guitar-Blog တစ်ခုလုံးဝမဟုတ်သကဲ့သို့ အင်တာနက် စာမျက်နှာ ပ်ါမှာ ပြည်တွင်း/ပြည်ပ Professional/Amateur Guitar-Blog ပေါင်းများစွာ နဂိုမူလကတည်းက တည်ရှိပြီးသားဖြစ်နေလို့ ကျွန်တော်တို့ အနေနဲ့အခုအချိန်ထလုပ်လို့လည်း သူတို့လောက်ပြည့်စုံနိုင် /ကောင်း နိုင်မည် မထင်တာကြောင့် ဂစ်တာ ဘလော့ တစ်ခု လုပ်ဖို့ အစီအစဉ်မူလကတည်းက လုံးဝ မရှိခဲ့တာပါ။ ဒီဝါသနာရှင် နုတ်စ်ဘလော့ရဲ့ Team Member သူငယ်ချင်းအားလုံးဟာလည်း ဂစ်တာ သမားတွေမဟုတ်ကြပါဘူး။ အခြား Musician တွေလည်းပါပါတယ်။ သို့သော်လည်း ကျွန်တော်တို့ နုတ်စ် ဘလော့လေးကို စေတနာအရင်းပြုပြီး ရှိတဲ့ စုဆောင်းထားတဲ့ ဂစ်တာစာအုပ်များ  ပေးပို့ လှူဒါန်း သူများ  ကြောင့်သူ့စေတနာကိုအသိအမှတ် ပြုဂုဏ်ပြုတဲ့အနေနဲ့ကော၊သူလှူဒါန်းလာတဲ့ Pro အဆင့် ဂစ်တာစာအုပ်တွေ ကို အပြည်ပြည်ဆိုင်ရာနုတ်စ်တွေနဲ့ရှင်းလင်း ဖေါ်ပြထားတာကိုအကြောင်းပြုပြီး၊ နုတ်စ် များ က ပြောသော တီးခတ်မှုဆိုင်ရာ နိသျည်းများဆိုတဲ့ Post လေးတစ်ခု ကို  Bonus section တစ်ရပ် အနေနဲ့ ဖေါ်ပြပေးခဲ့ပြီးဖြစ်ပါတယ်။

နောက်တစ်ဖန်၊ အပြင်မှာတွေ့ဆုံရန် အကြောင်းမရှိသော-စေတနာတစ်ခုတည်းနဲ့ သူ့စုထားတဲ့ အနှစ် နှစ် အလလ က နုတ်စ်ပေါင်းများစွာကို သူ့ရဲ့အဖိုးတန် အချိန်တွေကိုဖဲ့ပြီး လာရောက်လှူဒါန်းသလို အချိန်ပိုင်း လုပ်အားဝင်ပေးသွားတဲ့-ကူညီသွားခဲ့တဲ့ အင်မတန် လေးစားဖွယ်ရာကောင်းတဲ့ သူ့ကိုယ်သူ ကိုစတိဗ် လို့အမည်တပ်ထားတဲ့ လေထဲကဂီတသူငယ်ချင်းဂစ်တာသမားတစ်ယောက် ကိုအမှတ်တရ ဂုဏ်ပြုပေး ရာ  ရောက် အောင်၊ ဘယ်ဂစ်တာဘလော့က မှ ဖေါ်ပြခြင်း မရှိသေး တဲ့  ဂစ်တာအက်ဖက်များကို ချိန်ညှိခြင်း ဆိုတဲ့ အခန်း သစ်လေးတစ်ခုကို Special Bonus Section တစ်ခုအနေနဲ့ ကနဦး ဖွင့်လှစ်ပေးခဲ့ ပါ တယ်...။

၂၀၁၃ခုနှစ်၊ဇွန်လ လောက်မှာ ကျွန်တော်တို့ နုတ်စ်ဘလော့ဂ်လေး အကြောင်းကြောင်းကြောင့် ပျက်ဆီး သွားခဲ့ရပါတယ်။ ဟက်ကာတစ်ဦးဦးလက်ဆော့လို့လား၊ ဂူးဂဲလ်ကဘဲ ကီးမိတ်ကာလေး အမှတ်မထင်တင် လိုက်တာကို Disable အလုပ်ခံရပြီးနုတ်ဘလော့ဂ်လေးကို ပြန်လုပ်ဖို့စိတ်မကူးတော့ပေမဲ့  Facebook မှာ ညီအကိုမျုားစွာက ပြန်လုပ်ပေးပါလို့အထပ်ထပ်မေတ္တာရပ်ပြီး ဒိုမိန်းဝယ်လည်းပိုက်ဆံပေးပါမယ်လုပ်လို့ အားနာပြီး ဒီ နုတ်ဘလော့လေးပြန်လုပ်တော့ ဒီအခန်းလေးကို ပိုပြည့်စုံကောင်းမွန်အောင် အက်ဖက်ချိန် တဲ့ အကြောင်းသာမက၊ တစ်ဆက်တည်း ဂစ်တာအန်ပလီဖိုင်ယာတွေချိန်တဲ့အကြောင်းလေးပါ ထပ်ဖြည့်ပေး လိုက်ရင်ကောင်းမှာဘဲဆိုပြီး နည်းနည်းထပ်ရေး update လုပ်ပေးလိုက်တာပါ။

ဂစ်တာကို မြေလျှိုးမိုးပျံအဆင့်တီးတတ်ပါတယ်-နုတ်စ်တွေကိုလည်း ပြောင်းပြန်ရေး ထားတောင် ဖတ်နိုင်ပါ တယ်။ ဆိုပေမဲ့ အလက်ထရစ်ဂစ်တာတွေနဲ့ တီးတော့မယ်ဆိုရင် ဂစ်တာအက်ဖက်တွေ နဲ့မပါတ်သက် လို့မရတော့ပါ ဘူး။ အဲဒီတော့မှ အက်ဖက် မချိန်တတ်လို့ အသံကြောင်ကြီးတွေ ထွက်လာခဲ့ရင် သွားပါပြီ။ ကိုယ့်ကို ဂစ်တာသမား ကောင်းမှန်း မသိကြ-မလေးစားကြတော့ပါဘူး။ ဒါကြောင့် ဂစ်တာအက်ဖက်တွေကို ကျွမ်းကျင်ပိုင်နိုင်အောင်ချိန်တတ်ဖို့က ဆောလစ်ဂစ်တာတွေကိုင်ကြတဲ့ သူငယ်ချင်းတွေ အားလုံး သိကြမှာ ပါခင်ဗျာ။ ဂစ်တာသမား တစ်ဦးချင်းအလိုက် အက်ဖက်ချိန်တဲ့ ဆက်တင်တွေ ကိုယ်ပိုင်ဟန်အသီးသီး ရှိကြတယ် ဆို ပေမဲ့၊ ကော်ပီသီချင်း တွေ လိုက်တီးတဲ့ ဂစ်တာ သမားတွေဟာ မူရင်းသီချင်းနုတ်စ် စာရွက် ကြီးကို ကိုင် ထားပြီး မူရင်း ဂစ်တာသမားက အဲဒီ့သီချင်းအတွက် ချိန်ထားတဲ့ ဂစ်တာအက်ဖက် ဆက်တင် အတိုင်း အနီးစပ်ဆုံးလိုက်မချိန်နိုင်ရင်- သူများသီချင်း တော့ ယူတီးသေးတယ်။ မှီလည်း မမှီဘူး ဆိုပြီးဝိုင်း ကဲ့ရဲ့လေ့ရှိပါ တယ်။ ဒါကြောင့် ဂစ်တာအက်ဖက်ချိန်တာဟာ အရမ်း အရေးကြီးတယ်လို့ထင်ပါတယ်။

နိဒါန်းရှည်လို့မကောင်းတော့ပါဘူး။ လိုရင်းသွားပါတော့မယ်။ ဂစ်တာအက်ဖက်မှာ မူလတုံးက Single Guitar Effect တွေရဲ့ခေတ်ပါ။ နောက်တော့ IT ခေတ်ကြီးဖြစ်လာတော့ ကွန်ပြူတာစနစ်၊ ဒစ်ဂျစ်တယ် စနစ်တွေ ထွန်း ကားလာတော့ ပို Convenient ဖြစ်တဲ့ Economy ဖြစ်တဲ့ Multi-Guitar-Effects Processor တွေပေါ် လာပါ တယ်။ တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။ ဂစ်တာအက်ဖက်လောက မှာ နံမည်ကြီး တာက ကီးဘုတ်တွေ ထုတ်တဲ့ နံမည်ကျော် Roland ကုမ္ပဏီကြီးကထုတ်တဲ့ Boss တံဆိပ် ဂစ်တာအက်ဖက်တွေပါ။
နောက်ပိုင်းမှာ Zoom ဂစ်တာအက်ဖက်နဲ့။ Digtec တံဆိပ် ဂစ်တာအက်ဖက်တွေလည်းလူသုံးများ လာကြ ပါတယ်။ နံမည်ကျော် ဂစ်တာကုမ္ပဏီကြီးများဖြစ်ကြတဲ့ Ibanez တို့လဲ ဂစ်တာကုမ္ပဏီကြီးများ က လည်း သူတို့ ရဲ့ မူပိုင် Ibanez တံဆိပ် Single Guitar Effect Pedal တွေထုတ်လာကြပြန်ပါတယ်။

ကျွန်တော်တို့ မြန်မာပြည်က တီးဝိုင်းကြီးတွေရဲ့ ဂစ်တာပရိုတွေဟာလည်း Boss Single Effects တွေကို အရင် ဦးဆုံးနဲ့အတော်ကြာသုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ Multi-Guitar Effects တွေကိုပြောင်း သုံးလာ ကြပါ တယ်။
ကိုဇော်မျိုးထွဋ် ( Medium Wave ) တို့ ၊ ကိုနိုင်ဇော် ( Lazy Club )၊တို့ ကိုကျော်မင်း (Evening Star) က တော့ live show တွေတီးလာကြရာမှာ Zoom တံဆိပ် Multi-Guitar Effects တွေ ကိုသုံးလာတာ သတိထား မိပါ တယ်။ Lady Rock-Show မှာ တော့ ကိုနိုင်ဇော်ဟာ Boss ME-50 Multi-Guitar Effects Processor ကို သုံးသွားတာ ကြည့်လိုက်ရပါတယ်။

Single Guitar Effect Padel တွေဘဲဖြစ်ဖြစ် Multi Guitar Effects Processor တွေဘဲဖြစ်ဖြစ် ချိန်ပြီဟေ့ ဆိုရင်တော့ knob တွေကို Manually လိုက်လှည့်ပြီး ချိန်ရပါတယ်။ Single Effect ကတော့ knob တစ်ခုကို ချိန် ပြီး အသေထားလို့မဖြစ်ပြန်ပါဘူး။ နောက်တမျိုးပြန်ချိန်ရင် ပြန်လှည့်/ပြန်ထားပါဘဲ။ Multi Effect တွေက တော့ ပိုကောင်းလာပါပြီ။ ကိုယ်ကြိုက်တဲ့အသံတစ်ခုအတွက်ဆက်တင်တစ်ခုချိန်ပြီးတာနဲ့ Bank ထဲမှာ Save လုပ်ထားလို့ရပါတယ်။ ဆက်တင်တွေအများကြီးကို တစ်ခုချင်းစိတ်ကြိုက်လိုက် ချိန်ထား ပြီးတော့ မှ စင်ပေါ်မှာ တီးရင် Bank နံပါတ်တွေကိုဘဲ Foot-Switch လေးနဲ့ လိုက်ပြောင်းပြီးတီးလိုက်ယုံ ပါ ဘဲ။ ပိုအဆင်ပြေသွားပါပြီ။
Boss က ၂၀၀၈ခုနှစ်ထဲမှာ နောက်ဆုံးထွက်သွားခဲ့တဲ့ GT-10 ဆိုရင် ဒစ်ဂျစ်တယ်စနစ်/ကွန်ပြူတာစနစ်လုံးဝ ဖြစ်သွားသကဲ့သို့ဘဲ knob တွေအများကြီးပါမလာတော့ပါဘူး။ ကွန်ပြူတာက စက်ဝယ်ကတည်းက မူရင်း အော်တို ကွန်ပြူတာက ချိန်ပေးထားတဲ့ ဆက်တင်ချည်း (၂၀၀)ကျော်ပါလာလို့ မိမိကအထူးချိန်နေ စရာ မလိုဘဲ အဲဒီ့ အမျိုးအစား (၂၀၀)ထဲက ဘဲ ကြိုက်နှစ်သက်ရာ ကို ရွေးတီးလိုက်ယုံပါဘဲ။ အဲဒီ(၂၀၀)ထဲက အတိုးအကျယ်နဲနဲ ထပ်ပြင်ချိန်ပြီး Bank ထဲမှာ ကိုယ့်စိတ်ကြိုက် ဆက်တင်နောက် ထပ် (၂၀၀)ထပ် ထည့်လို့ ရပါသေးတယ်။ ME-50 မှာတောင် Bank ထဲမှာဆယ်ဂဏန်းလောက်ဘဲ Save လုပ်လို့ရသလို၊ ကွန်ပြူတာ က အဖြစ်လောက် နဲနဲလေးချိန်ပေးထားတဲ့ ဆက်တင်တွေကလည်းအကောင်းစားတွေမဟုတ်ပါဘူး။ GT-10 မှာ ကက်တလောက် ထဲမှာကို ချိန်ထားတဲ့ အက်ဖက်ဆင်တင်တွေရဲ့ အမည်တွေကိုပါ ဖေါ်ပြပေးထား ပါ တယ်။ မကောင်းတဲ့အချက်တစ်ခုကတော့ နောက်ဆုံးထုတ် GT-10 မှာ ကွန်ပြူတာက ဒစ်ဂျစ်တယ်စနစ်နဲ့ အော်တို ချိန်ထည့်ပေးထားတဲ့ အက်ဖက်ဆင်တင် ၂၀၀ လုံးက ကောင်းနေတော့ Manual knob တွေနဲ့ ကိုယ်ပိုင်ဆက်တင်တွေ မချိန်ဖြစ်ရာကနေ ကြာလာတော့ ဂစ်တာအက်ဖက် ချိန်ညှိတဲ့ စွမ်းရည်လျော့ပါး သွား စေတတ်ခြင်းပါဘဲ။


Roland ကုမ္ပဏီ၏  BOSS GT-10 Mulit-Guitar Effects Processor



Single Guitar Effects တွေနဲ့ ဂစ်တာအက်ဖက်စစ်စတမ် တစ်ခုရဲ့ ပုံကိုအောက်ပါအတိုင်း နမူနာ တင်ပြအပ် ပါတယ်။ တွေ့မြင်ရတဲ့အတိုင်းဘဲ Chain တစ်ခုထဲမှာ Distortion , Chorus, Compressor, Preamp, Reverb, Delay, Equalizer, Noise Supressor စသည်ဖြင့် Single Guitar Effect Padel တွေကို Wah Wah တို့ Volume တို့လို Expression Pedal တွေနဲ့ ကြားခံ ဆက်သွယ်ပေး ထားပါ တယ်။ တစ်ချို့တွေကျတော့ ဟောလို ဂစ်တာ မကိုင်ချင်လို့ Acoustic Simulator တို့လို ဆင်ဂယ် ဂစ်တာအက်ဖက်မျိုး တွေနဲ့လည်း ထည့်တွဲထား လိုက်ပါသေးတယ်။
Multi-Guitar Effects Processor ကို ကိုင်မယ်ဆိုရင်တော့ အရမ်းအဆင်ပြေသွားပါပြီ။ ရှိသမျှ Single Effects တွေရဲ့ အသံတွေအားလုံးကိုထည့်ပေးထားသလို Expression Padel ကိုတော့ တစ်ခုဘဲ ထားလိုက်ပါတော့ တယ်။ တစ်ခုထဲမှာဘဲ ဖိနင်းပြီး Wah Wah တွေ ရွေးတီးမယ်။ Wah Wah ဖြုတ် လိုက်ရင် ဘဲ Volume ဖြစ်နေပါပြီ။ဒီသဘောပါ။





ကောင်းမွန် ချိုသာတဲ့ ဂစ်တာကာလာ တစ်မျိုးရဖို့ ဂစ်တာအက်ဖက်ရဲ့ knob တွေကိုနာရီလက်တံတွေလို တစ်ခု ချင်းလိုက်ချိန်လိုက် နားထောင်လိုက်လုပ်ယုံနဲ့ မရသေးပြန်ပါခင်ဗျာ။ Guitar Amp က Tone, Volume , Level စတဲ့ knob ပေါင်းများစွာကိုလည်းလိုအပ်သလို လိုက်ကလိရပြန်ပါတယ်။ ဒါတင်ဘဲ လားဆိုတော့ မဟုတ်သေးဘူးခင်ဗျ။ ကိုယ်ကိုင်ထားတဲ့ ဆောလစ်ဂစ်တာ မှာပါလာတဲ့ Tone, Volume knob တွေအပြင် Pick-Up Selector နဲ့လဲ သီချင်းအလိုက်လိုသလို လိုက်ရွေးပြီး ဦးဏှောက် စားရပြန်ပါသေး တယ်။ ဂျိုးစထရာနီတို့ကိုင်တဲ့ Ibanez Solid Guitar မှာ Double Coiled-Hamburging Pickup ၂ ခုသာ ပါတယ် ဆိုပေမဲ့။ ကိုစတိဗေကြီးတို့ ၊ ပေါလ်ဂီဘတ်တို့ကိုင်တဲ့ Ibanez တွေကျတော့ Double Coiled-Hamburging Pickup ၂ ခုကြားမှာ Single Coiled Pick-up တစ်ဘား ထပ်ထည့် ထား လိုက် လို့ လိုအပ်တဲ့အသံရဖို့ Selector နဲ့ (၅)ချက်တောင် ရွေးနေရပါတယ်။

ကိုယ့်စိတ်ကြိုက် အသံကာလာတစ်ခုအတွက် အက်ဖက်ဆက်တင်တစ်ခုချိန်တွယ်ထားပြီးကာမှ Pedal တစ်ခုလည်း ပြောင်းနင်းလိုက်ရော အသံကျယ်ကြီးပြောင်းထွက်လာပြန်ရင်လည်း မောရပြန်ပါတယ်။ ဒါကြောင့် ကာလာတစ်ခုနဲ့တစ်ခုအကြား အသံအတိုးအကျယ် ဆက်တင်ကိုလည်း ညီနေအောင် ညှိချိန် ထားရ ပါသေးတယ်။

ဒါကြောင့်ဂစ်တာအက်ဖက်ချိန်တာ..ဒီလို-ဒီလို..ဦးဏှောက်စားပါတယ်။

ပထမဦးဆုံး Boss ကုမ္ပဏီကဘဲ သူထုတ်လိုက်တဲ့ Boss Single Guitar Effect Padel တွေကို စတင် သုံးစွဲတဲ့ဂစ်တာသမားတွေ ဦးဏှောက်စားမှာစိုးလို့ အကောင်းဆုံး အပြင်း/အပျော့ ဂစ်တာအက်ဖက် ဆက်တင်တွေကို Manual Handbook စာအုပ်လေးထုတ်ပေးခဲ့ပါတယ်။ တော်တော်လေး ကောင်းပါတယ်။ ဒီစာအုပ်ထဲမှာ သူ့ Sigle Effect တစ်ခုချင်းကို ဘယ်လိုချိန်ရမယ်။ ချိန်ပြီးရင် တွဲဖက်မဲ့ Guitar Amp က Nob တွေကိုလည်းဘယ်လိုအနေအထားမှာ လိုက်ချိန်ညှိထားပေးရမယ်ဆိုတာကို အသေး စိတ် လေး ဖေါ်ပြ ပေးထားလို့ တော်တော်လေးကောင်းပါတယ်။ ဒီစာအုပ်ဟာ Boss Single Guitar Effect Pedal အတွက် သက်သက်သာဖြစ်ပြီး Boss Multi-Effects Processor တွေအတွက်တော့ သီးသန့်  ဖေါ်ပြထုတ်ဝေခြင်း မပြုတော့ပါဘူး။ Multi-Effects Processor ဆိုတာကလည်း Single effects သံတွေ ကို Computer Board တစ်ခုတည်းမှာ စုထည့်ထားတယ် ဆိုကတည်းက ဒီစာအုပ်လိုက်ဖတ်ပြီး Multi-Effects Processor ကိုလည်း လိုက်ကစားလိုက်ယုံဘဲလို့ မျှော်လင့်ထားတယ်ထင်ပါတယ်။

အထက်ဖေါ်ပြပါ ဂစ်တာအက်ဖက်ဆက်တင်တွေကို Manual Handbook စာအုပ်လေး ကို အောက်မှာ ဓါတ်ပုံကို ကလစ်လုပ်ပြီး PDF ဖိုင်ကို ဒေါင်းလုပ်ရယူလိုက်ပါ။






ဆက်လက်ပြီးတော့ ကမ္ဘာကျော်ဂစ်တာသမားတစ်ဦးချင်းအလိုက် သိရှိထားတဲ့ ဂစ်တာ အက်ဖက် ဆက်တင်လေးအချို့ ကိုတင်ပြလိုက်ချင်ပါတယ်။


ကို Steve Vai ကြီး ချိန်ညှိသော ဂစ်တာအက်ဖက်ဆက်တင် ကောက်ကြောင်း


 

ပထဦးဆုံးကတော့ ကျွန်တော်တို့ရဲ့လေထဲက သူငယ်ချင်း မြန်မာကိုစတိဗ်ကြိုက်တဲ့ ကမ္ဘာ့ အကောင်းဆုံး ဂစ်တာသမား ကို Steve Vai ကြီးရဲ့ ဂစ်တာ Effect Setting Sample လေးတစ်ခုပါ။
ကို Steve Vai ကြီးဟာ သူ့မူပိုင် Ibanez JEM ဆောလစ်တွေနဲ့အတူ ဂစ်တာအက်ဖက်တွေ ကို အသုံးပြု တဲ့အခါ မှာ မူလအစက Single Guitar Effect တွေကိုဘဲ တစ်စိုက်မတ်မတ် အသုံးပြုခဲ့ တာ ပါ။ နောက်ပိုင်း မှာ Single Effects တွေနဲ့အတူ Multi-Effects Processor ကိုပါ ပူးတွဲသုံးစွဲ လာခဲ့ပါ တယ်။ သူ့ရဲ့ နောက်ဆုံး DVD Live Show ခွေမှာ Single Effects တွေနဲ့အတူ Zoom Multi-Effects Processor ကြီးကို Expression Pedal တွေ အများကြီးနဲ့ တွဲသုံးပြသွား ခဲ့ပါတယ်။ နမူနာ ဗီဒီယိုဖြစ်တဲ့ Now We Run ဂစ်တာဆိုလိုကို ဒီမှာ ကြည့်နိုင်ပါတယ်။

ကို Steve Vai ကြီး ကြိုက်တဲ့ Boss Single Effect Pedal ကတော့ လိမ္မော်ရောင် DS-1 ပါ။ ဒီ Boss DS-1 Distortion Pedal ကို သူ့စိတ်ကြိုက် အခြား အမေရိကန် ဂစ်တာအက်ဖက်အချို့နဲ့ Expression Pedal တွေနဲ့သူအမြဲဘဲ တွဲအသုံးပြုခဲ့တာပါ။

ကို Steve Vai ကြီးကြိုက်သော Boss DS-1 Distortion Single Guitar Effect Pedal



ကို Steve Vai ကြီးနဲ့ သူ့ Guitar Effects Network



နောက်ပိုင်းမှာ ကို Steve Vai ကြီးဟာ Ibanez ဂစ်တာကုမ္ပဏီကြီးနဲ့ သူ့ရဲ့ ရိုက်စားအစီအစဉ်ကြီးမှာ JEM ဂစ်တာတွေသာမကတော့ဘဲ Steve Vai မူပိုင် Distortion Pedal ဆိုပြီး ထုတ်လုပ် လာပြန်ပါ တယ်။ ပြီးတော့ အခြား Single Effects Pedal တွေ နဲ့ ပူးတွဲအသုံးပြုရာမှာ သူရဲ့ မူပိုင် Ibanez Distortion Pedal- Jemini မှာ သူရဲ့ Personal ဆက်တင် ကို အောက် ပါအတိုင်း  ဖေါ်ပြပေး လိုက်ပါ တယ်။ အဲဒီ့ Distortion Effect မှာ ပုံမှာပြထားတဲ့အတိုင်းဘဲ Green Channel နဲ့ Red Channel ဆိုပြီး ၂ မျိုး ပါပြီး။ အဲဒီ့ချန်နယ် ၂ ခု မှာ ကို Steve Vai ကြီး ချိန်ထားတာကို နာရီနဲ့ဖေါ်ပြထားတာကို ရှုစားလေ့ လာ ပါ။ ကို Steve Vai ကြီးဟာ Level ကိုအမြဲ တမ်း ၁၃း၀၀ နာရီမှာထားလေ့ရှိတာကိုလေ့လာ မှတ်သား မိပါတယ်။


ကို Vai ကြီးရဲ့ Jemini Pedal ကို အခြားဂစ်တာသမားတွေကို ဒီလိုချိန်ထားပါတယ်။

 ဒီလိုလေးလည်းချိန် ထားတတ်ပါသေးတယ်






Herman Li ချိန်ညှိသော ဂစ်တာအက်ဖက်ဆက်တင် 

နောက်တစ်ခုကတော့ ကမ္ဘာကျော်ဂစ်တာသမားတစ်ဦးဖြစ်တဲ့ အင်္ဂလိပ် DragonFocre တီးဝိုင်းရဲ့ လိဒ်ဂစ်တာရစ်ဇ် Herman Li ရဲ့ဂစ်တာအက်ဖက်ချိန်တဲ့ ဆက်တင်လေးတစ်ခုပါ
Li 
ဟာ သူ့မူပိုင် ဂစ်တာအက်ဖက်ဆက်တင် မှာ Reverb ကိုအမြဲသတ်ထားလေ့ရှိပါတယ်တဲ့။
Overdrive နဲ့ Treble ကိုတော့ ကိုစတိဗေတို့လို မချိုထားဘဲ တော်တော်လေးတင်ထားပါတယ်။
အောက်မှာလေ့လာကြည့်လိုက်ပါခင်ဗျာ။






Roland Boss ME-50 မယ်လ်တီဂစ်တာအက်ဖက်၏ စံပြဆက်တင်များ 

 နောက်ထပ် တင်ပြလိုက်ချင်တာကတော့.. Lazy Club က ကိုနိုင်ဇော် Lady Rock Live Show မှာ တီးခဲ့တဲ့ Boss ME-50 Multi-Guitar Effects Settings များ စုဆောင်းတင်ပြချက်ပါ။
Band တစ်ခု ချင်း အလိုက်၊ နံမည်ကျော် သီချင်းတစ်ပုဒ်ချင်းအလိုက် Boss ME-50 Multi-Guitar Effects ကို ချိန်ထားတဲ့ အဖိုးတန် Setting တွေကို စုဆောင်း ဖေါ်ပြထားတာပါ။ ရှားရှားပါးပါးလေးရရှိထားတာပါ။ 
အောက်ဖေါ်ပြပါ Boss ME-50 Multi-Guitar Effects Processor ဓါတ်ပုံ ကို Click လုပ်ပြီး ဂစ်တာအက်ဖက် Setting Chart ကို Download ရယူနိုင်ပါတယ် ခင်ဗျာ။







Eric Clapton နှင့် ZZ Top...တို့ ချိန်ညှိသော ဂစ်တာအက်ဖက် ဆက်တင်များ (၉-၁၀-၂၀၁၀)

မြန်မာ့ Guitarist ရပ်ဝန်းမှာ ကိုညီညီထွေးဆိုတာရှိပါတယ်။ ဂစ်တာပညာရှင်တစ်ဦးပါ။ ဂစ်တာစာအုပ် များ စွာလည်း ရေးခဲ့ပါတယ်။ ဂစ်တာသင်တန်းတွေလဲဖွင့်ခဲ့ပါတယ်။ ဘာလို့လဲတော့မသိပါဘူး။ လက်ရှိ အနေ အထား အရတော့ နံမည်ကြီး Band တစ်ခုခုရဲ့ Player တစ်ယောက်အနေနဲ့တော့သူ ရပ်တည်မှု ရှိ မနေပါ ဘူး။ ကိုညီထွေး တပည့် ဂစ်တာသမားတွေအများကြီးပါ။ City FM မှာတောင် ကိုညီထွေး နဲ့ တွေ့ဆုံခန်း လေး နားထောင်ခဲ့ဖူးပါတယ်။ သူ့မှာ ကိုငြိမ်းဦးဆိုတဲ့ အကို တစ်ယောက်ရှိပါတယ်။ လွန်ခဲ့ တဲ့ ၁၀စုနှစ်ကျော် က ကိုငြိမ်းဦး မဂ္ဂဇင်းတစ်စောင်မှာ ရေးခဲ့တဲ့ ကမ္ဘာကျော် ဂစ်တာသမားအချို့ရဲ့ ဂစ်တာ အက်ဖက်ချိန်နည်း ဆောင်း ပါး တွေဟာ စင်ပေါ်ကမြန်မာဆောလစ် ဂစ်တာသမားတွေအတွက် တကယ့် အဖိုးတန် ကိုးကား စရာတွေဖြစ်ပါ တယ်။ ကိုငြိမ်းဦး ဂစ်တာအက်ဖက်ချိန်နည်းဆောင်းပါး ဘယ်နှစ် ပုဒ် လောက်ရေးခဲ့ သလဲ တော့မသိပါဘူး။ ရှားရှားပါးပါး ဆောင်းပါးဟောင်းလေး ၂ပုဒ်ကိုဘဲ ရရှိစုဆောင်း ထားတာ ၁၀နှစ်တောင် ကျော်ခဲ့ပါပြီ။ ထင်းရူးသေတ္တာထဲက အဲဒီ့မဂ္ဂဇင်းထဲက စုတ်ဖြဲစုဆောင်း ထား တဲ့ဆောင်းပါးလေး ၂ ပုဒ်ကို ပြန် ထုတ်ပြီး စကန် တင်ပေး လိုက်ပါတယ်။


 ပထမဆောင်းပါးက ၁၉၉၀ လောက် ကကိုငြိမ်းဦးရေးခဲ့တာပါ။ Single Coiled Pick-Up ၃လုံးနဲ့ Fender ဂစ်တာကို ဘဲ တစ်စိုက်မက်မက် စွဲကိုင်တီးခတ်ခဲ့တဲ့ ကမ္ဘာကျော် အ၈င်္လိပ် ဂစ်တာသမားကြီး Eric Clapton ရဲ့ ဂစ်တာအက်ဖက်ချိန်တဲ့ Setting နဲ့ Texas တီးဝိုင်း အိုကြီးဖြစ်တဲ့ ကမ္ဘာကျော် ZZ Top တီးဝိုင်းက ဂစ်တာသမား ကြီး တွေ ချိန်တဲ့ ဂစ်တာအက်ဖက် Setting ၂ မျိုးအကြောင်း ရေးသားထားတာပါ။ သူတို့ ဘယ်လိုချိန်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ အထူးတစ်လည်ရှင်းလင်း ရေးသားခြင်းပြုတော့မှာ မဟုတ် ပါ ဘူး။ ပုံတွေနဲ့တကွ စနစ်တကျ ပြည့်ပြည့်စုံစုံလေး ရေးသား ဖေါ်ပြထားတဲ့ကိုငြိမ်းဦး ရေးသားထားတဲ့ ဆောင်းပါး အပြည့်အစုံကိုဘဲ Download ဖတ်ရှုခံစားလိုက်ကြပါ။

Eric Clapton

















Kirk Hammett (Metallica) နှင့် Nuno Bettnuncourt - (Extreme) ... တို့ ချိန်ညှိသော ဂစ်တာအက်ဖက် ဆက်တင်များ(၉-၁၀-၂၀၁၀)


 ဒုတိယ ဂစ်တာအက်ဖက်ချိန်ခြင်း ဆောင်းပါးက လည်း ကိုငြိမ်းဦးရေးခဲ့တာပါဘဲ။ ကမ္ဘာကျော် ဂစ်တာ သမား ၂ ဦးဖြစ်တဲ့ Metallica Band က လိဒ်ဂစ်တာသမား Kirk Hammett ရဲ့ စင်တင် Live Show တွေ တီး ရင် ချိန်တဲ့ ဂစ်တာအက်ဖက် ဆက်တင်နဲ့ Extreme Band ရဲ့ လိဒ်ဂစ်တာသမား Nuno တို့ရဲ့ ဂစ်တာ အက်ဖက် ချိန်တဲ့ ဆက်တင်တွေကို ပုံ တွေနဲ့တကွ စနစ်တကျ ရှင်းလင်း ရေးသားထားလို့ ဖတ်ရတဲ့ ညီအကို တွေ အတွက် အရမ်းအကျိုးရှိကြ ပျော်ရွှင် ကျေနပ်ကြ လိမ့်မယ်လို့ လုံးဝမျှော်လင့်ထား ပါ တယ်။ ဆောင်းပါး ပါ Content တွေ ကို တော့ ဖွင့်ဆိုရှင်းလင်းမှု အထူးမလုပ်လိုတော့ပါ ဘူး။ ဆောင်းပါးလေးဘဲ ဒေါင်းဖတ် လိုက်ပါ။ လန်းသွား ပါ လိမ့်မယ်။
















အထက်ပါအတိုင်း ဂစ်တာအက်ဖက်များကိုချိန်ညှိခြင်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ လေ့လာစုဆောင်းတင်ပြချက် များဟာ အလွတ်သဘော ခပ်ပါးပါးလေးမျှသာဖြစ်ပါတယ်။ ၀ါသနာတူသူငယ်ချင်းများအနေနဲ့က ဒါလေးအချို့ ကိုလေ့လာ မှီငြမ်း ပြီး မိမိတို့ကြိုက်နှစ်သက်ရာ ဂစ်တာအက်ဖက်ဆက်တင်များကို စိတ်ကြိုက်ချိန်တွယ်ပြီး၊ ဂစ်တာသံကာလာလှလှလေးတွေကို ဖန်တီးဖေါ်ကျူးနိုင်ကြပါစေ လို့ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျား။


ကဲ....နောက်အကြောင်းအရာ..ဆက်သွားမယ်နော်










ကျွန်တော် တင်ဆက်နေခြင်းဟာ ဂစ်တာအက်ဖက်ဆက်တင်တွေ ချိန်ညှိတဲ့ အကြောင်း ပေမဲ့ ဆက်စပ် အကျိုး ရှိစေမဲ့ အကြောင်း အရာ တစ်ခုကို  ကြားဖြတ် တင်ပြချင်ပါတယ်။အဲဒါ က တော့ ဂစ်တာ အက်ဖက် တွေနဲ့ မလွယ်မသေ ချိတ်ဆက် ရပြီး၊ Final Output Sound ကို ထုတ် လွှတ်ပေမဲ့၊ ဂစ်တာ အက်ဖက်တွေရဲ့ ဖွားဘက်တော်ဖြစ်တဲ့ Guitar Amplifier တွေကို စတိဗိုင်တို့၊ပေါလ်ဂီဘတ်တို့ စတဲ့ကမ္ဘာ့အကောင်းဆုံး Guitarist တွေအပါအ၀င်  ဂစ်တာ အကျော် အမော် တွေ ဘယ်လို ချိန်ညှိတယ်ဆိုတဲ့ အကြောင်းခြင်းရာပါ။ ဂစ်တာအက်ဖက်တွေ ကိုတော့ ရှယ် ချိန်ညှိ ထား ပါရဲ့၊ Guitar Amp က Button တွေ ကိုကြုံသ လို လျှောက်ထားရင် အသံဗြဲကြီးတွေနဲ့ညားပြီး စင်ပေါ် ကို ခဲလုံးပျံတွေရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီတော့ Guitar Amp ကို အက်ဖက်နဲ့လိုက်ဖက်ညီညီ သေချာ ချိန် ညှိပေး ရအုံးမှာပါ။  

ဗဟုသုတအနေနဲ့....တစ်လောကဘဲ သြစတြေးလျားက ကမ္ဘာကျော် တီးဝိုင်း Air-Supply မြန်မာပြည်ကို ကြွမြန်း လာပြီး ၊ ကျွန်တော်တို့ရဲ့ ဂုဏ်ထူးဆောင် IC Band နဲ့တွဲဖက်ဖျော်ဖြေပါတယ်။ ဆရာချစ်တို့ လက် ကို ပြောစရာ သိပ်မရှိပါဘူး။ သို့သော် စင်အောက်က စက်အကြောင်းသာမာန်လောက်တောင်မသိတဲ့ ပရိတ်သတ်တောင်သတိထားမိသလို၊ စာစောင်တစ်ခုကဆောင်းပါးရှင်တစ်ဦးရေးထားတာလေးလည်းဖတ်ရှု လိုက်ရပါတယ်။ အဲဒါကတော့...IC တီးတဲ့အသံတွေကလုံးထွေး ဆူညံနေတာဘဲတဲ့။ သို့သော် Air Supply Band တက်လာတော့ IC အတွက်ချိန်ထားတဲ့ စက် Setting တွေသူတို့ ပြန်ချိန်ပြီး တီးတော့ ကောင်းလိုက် တဲ့ အသံတွေတဲ့။ ဘယ်ဖက်ဒေါင့်က ပြေးနားထောင်ထောင် အသံက ပုံသေ ကြည်မြနေတာဘဲတဲ့။ ဂစ်တာ သံတွေကလည်း သတ်သတ်၊ အဆိုသံကသတ်သတ်၊ ဒရမ်၊ကီးဘုတ်၊ဘေ့စ်သံတွေကသတ်သတ် ၊ အဲ့ဒီ Instrument တစ်ခုစီရဲ့ ကြည်မြတဲ့ အသံသတ်သတ်စီ အားလုံးတို့ Gain ညီပြီး တစ်စုတစ်စည်း တည်းပေါင်း စည်း ထွက်ပေါ်လာတဲ့  Stereo သံစစ်စစ်ကို အရသာရှိစွာ နားသောတ ဆင်ခဲ့ရပါ တယ်တဲ့။  ဆရာချစ်တို့အုပ်စုကို အပြစ်ဆိုခြင်းမဟုတ်ပါ။ mixer ကိုင်တဲ့ သူတွေရဲ့ ပညာသဘာ လည်းပါမှာပါ။ Mixer Setting, Effects Settings တွေ၊ Amp settings တွေ အားလုံးကို ဟန်ချက်ညီညီ အသေးစိတ် အကောင်းဆုံး ချိန်ညှိနိုင်ခြင်းကဘဲ.. Band ၂ဖွဲ့ရဲ့ အသံထွက် သုခုမ ကွာခြားမှုကို အဆုံးအဖြတ်ပေးသွားခဲ့တဲ့ သဘောပါ။  ဆရာချစ်တို့ မြန်မာဂစ်တာသမားတွေရဲ့လက်တွေဟာ Air Supply က ဂစ်တာသမားတွေ လက်ထက် ပိုမသာတောင် လုံးဝအဆင့်မနိမ့်ပါဘူး။ မြန်မာစိတ်နဲ့ပိုသာတယ်လို့်တောင်ဆိုလိုက်ချင်ပါသေး တယ်။ သို့သော် Live Sound အတွက် စက်ချိန်တာ  Air Supply လို မကောင်းဘဲ အသံတွေလုံးထွေးနေ တာ လူတွေတကယ်ပြောခဲ့ကြတာပါ။ ၂ ဖွဲ့ ယှဉ် တီးလိုက်တော့မှ သိသာသွားခဲ့တာပါ။ တစ်ဖွဲ့ချင်း စီခွဲကြည့်ဖြစ်ခဲ့ရင် လူတွေသတိမထားမိနိုင်ပါဘူး။

ထားလိုက်ပါတော့၊ဆောင်းပါးလေးဆက်ပါရစေနော်။ ဒီတော့ မြန်မာနုတ် ညီအကိုတွေ အတွက်ကျွန်တော် တို့ စုဆောင်းထားတဲ့ ကမ္ဘာ့ ဂစ်တာအကျော်အမော်တွေ၊ ကမ္ဘာကျော် Band တွေ Guitar Amplifier တွေကို ချိန်တဲ့ Settings တွေကို Quote လုပ်နိုင်အောင်၊ ကိုယ့်အိမ်က တစ်ကိုယ်တော် Mini Amp လေးဘဲ သုံးသုံး၊ စင်ပေါ်မှာ ဖြဲတော့မယ်ဆိုရင်ဘဲဖြစ်ဖြစ် အကောင်းဆုံး ချိန်ညှိနိုင်အောင် တင်ဆက် ပေးလိုက်ပါရစေ။


အောက်ပါပုံက ကမ္ဘာ့အကောင်းဆုံးဂစ်တာသမားဆိုတဲ့ ကို Steve Vai ကြီးရဲ့ မာရှယ် Amplifier မှာ  L3 Demo Setting ချိန်ထားတာပါ။



အောက်က ဆက်တင်က Mike အမည်ရှိ ဂစ်တာသမား က ချိန်ထားတာပါ။ အပေါ်က ကိုစတိဗိုင်ကြီးဆက်တင်လည်း သူပုံဆွဲထားတာပါ




ကမ္ဘာဂစ်တာအကျော်အမော်တွေ သူတို့ Guitar Amplifier တွေကို ချိန်ညှိတဲ့ Settings တွေအားလုံး ကို သက်ဆိုင်ရာ Guitar Amplifier အမျိုးအစားတွေ အလိုက် စနစ်တကျ ဖွယ်ဖွယ်ရာရာလေး စုစည်းပြီး စာမျက်နှာ (၁၉)မျက်နှာ ပါ PDF ဖိုင်နဲ့ တင်ပေးလိုက်ပါတယ်။ ကြားထဲမှာ ဂစ်တာအက်ဖက် ဆက်တင် လေးအချို့လည်း ညှပ်ပါလာအုံးမှာပါ။ ဘယ်လိုပြောရမလည်း- Very Good ပေါ့ခင်ဗျာ။ အခုဘဲ Download ရှုစား၊ ကိုးကား ချိန်ညှိ ခံစား နိုင်ကြောင်းပါ................................

  






ဂီတ၀ါသနာတူသူငယ်ချင်းတို့ရဲ့




16 comments:

  1. ကို စတိဗ်ခင်ဗျား.. ဖတ်ပြီးရင် ကော်မန့်လေးများလည်းပေးသွားနိုင်ပါတယ်နော်။ ခင်ဗျားအတွက် ကျွန်တော်တို့ရဲ့ပေးဆပ်တုံ့ပြန်မှုသေးသေးလေးတစ်ခုပါခင်ဗျာ။

    ကိုစတိဗ် ကို အစဉ်အမြဲလေးစားကျေးဇူးတင်လျှက်ရှိသော...
    Blogging Team

    ReplyDelete
  2. ဖတ်ပြီး နေတောင်မနေတတ်ဘူးဗျာ ... ကျေးဇူးလည်းတင်၊ ၀မ်းလည်းသာပါတယ် ...
    ဘလော့မှာ လာရောက်လည်ပတ်၊ နုတ်တွေရယူလေ့လာတဲ့ မြန်မာတွေထဲက Funtwo လို၊ Sungha Jung လို မြန်မာလေးတွေ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် ကျွန်တော်အချိန်ကုန်လူပန်းခံရကျိုးနပ်ပါတယ် လို့ ...

    ReplyDelete
  3. ako steve nae myanmar note site pai shin myarr kha byar
    nyi ka effect ma buy ng tayy loe nyi computer layy hmar Amplitube Metal software layy htae htarr par tal but setting ma chein tat tog kya nor guiter ka htwat tae voice ka ma hla woo phyit nay loe par speaker ka tog yoe2 computer speker lay pal use par tal ta kal loe ako toe help ng mal so yin kyay zuu pyu pee lann hnyon payy loe ya ma lar ti woo..... pee tog nyi ka Zoom ka htote tae G2 effect ko buy phoe money su nay loe par ta lat sa htal eld G2 effect lay yae setting lay ko par pyaw pya payy ng ma lar ma ti woo kha byar....kyay zuu myarr kyee tin par tal

    ReplyDelete
  4. ကိုအကြီးကောင်ရဲ့ ဘားဂလိပ်ကိုလိုက်ဖတ်ရတာ မောလိုက်တာဗျာ..။
    မြန်မာလိုမရိုက်နိုင်ရင် အ၈င်္လိပ်လိုရိုက်ပေးရင်တော့ကောင်းမယ်။
    အက်ဖက်ဝယ်ရင် Multi Guitar Effects ဘဲ ၀ယ်တာ ပို Economy ဖြစ်တယ်ဗျ။ Digtec တို့ ZOOM တို့ထဲမှာ ဒေါ်လာ ၁၅၀ လောက်ပတ်ဝန်းကျင် မယ်လ်တီအက်ဖက်လေးတွေရှိပါတယ်ဗျာ။ Rock တွေတီးတဲ့ Distortion ပါမယ်။ Acoustic သံပါမယ်ဗျာ။ Wah Wah ပါမယ်ဗျာ။ အတော်လေးပြည့်စုံနေပါပြီ။ ဒေါ်လာ 100 နဲ့ 200 ကြားဘဲရှိတယ် Multi Guitar Effects လေးတွေကို ဒီမှာ တစ်စုတစ်စည်းထဲကြည့်လိုက်ဗျာ..
    http://guitars.musiciansfriend.com/navigation/guitar-multi-effects?N=100001+338523+8

ီDigtec ကို 99 ဒေါ်လာနဲ့တောင်ရနိုင်သေးတယ်။
    ဒီမှာ ဒေါ်လာ 50 နဲ့ 100 ကြားမှာဘဲရှိတဲ့ မယ်လ်တီ၈စ်တာအက်ဖက်လေးတွေ။
    http://guitars.musiciansfriend.com/navigation/guitar-multi-effects?N=100001+338523+7

    ကိုအကြီးကောင်..ကွန်ပြူတာနဲ့ချိတ်ပြီးဆော့ဝဲနဲ့တီးတာကိုသိပ်တော့အားမပေး ချင်ဘူးဗျာ။ ကိုစတိဗ်တို့တော့တီးလိုက် သွင်းလိုက်လုပ်နေတာသိပါတယ်။
    ကိုယ်က စင်ပေါ်အထိတက်မယ်လို့ ရည်မှန်းချက်ရှိရင် လက်တွေ့ မယ်လ်တီးအက်ဖက်လေးတွေကိုသာဝယ်သုံးပါ။ ဈေးမရှိပါဘူး။ မိဘတွေကလဲ မဟုတ်တာသာအားမပေးတာပါ။ ဒါလေးလောက်တော့ခွင့်ပြုပါလိမ့်မယ် ကိုအကြီးကောင်ရေ....

    ReplyDelete
  5. ဟုတ်ကဲ့ ခုလိုလမ်းညွန်ပေးတာကျေးဇူးပါအကို Metallica song tab လေးတွေ 100 ကျော်တော့ ရှိ တယ်အကို ဒီ site မှာ အကို တင်မယ်ဆို ရင် ညီ ပို့ ပေး လို့ ရ မယ် နော်

    ReplyDelete
  6. ပို့သာပို့၊လှူသာလှူပါ ကိုအကြီးကောင်ရေ။ ဒီ Site အီးမေးကိုပေါ့နော်။
    ဒါမှသူများတွေလဲရကြမှာ။ ကိုယ်ချည်းဘဲမယူဘဲ ကိုယ်ကရှိတာလေးတွေလဲ
    ရှဲလှူပေးမှ သဘာဝကျမှာပေါ့။ ဒါမှသာ ကျွန်တော်တို့ ၀ါသနာရှင်နုတ်စ် ဘလော့လေးရေရှည်ရပ်တည်လို့ရမှာပေါ့ဗျာ။ များလေ။စုံလေ ကောင်းလေပါဘဲ။ စာကြည့်တိုက်ကြီးတစ်ခုလိုပေါ့။ စာအုပ်တွေလှူလာလို့စုံလေပိုကောင်းလေဘဲ။

    ကိုအကြီးကောင်ဆီက Metallica Tab တွေရလာရင် အခန်း(၁၈) Heavy Metal Notations အခန်းထဲမှာ ဖြစ်ဖြစ်၊ ထည့် Update လုပ်ပေးပြီး ကိုအကြီးကောင်ကို Credit ပေးလိုက်ပါအုံး ရွာစားရေ.....

    ReplyDelete
  7. (၉-၁၀-၂၀၁၀)ရက်နေ့မှာ အရင်ဆောင်းပါး ကို နောက်ထပ် အကြောင်းအရာ ၂ ခုထပ်ဖြည့်ပြီးပိုပြည့်စုံကောင်းမွန်အောင် Update လုပ်လိုက်ပါတယ်။ ခံစားဖတ်ရှု ပျော်ရွှင် အကျိုးထူးနိုင်ကြပါစေလို့..

    ReplyDelete
  8. Tube Amplifier တွေမှာ gain stage ချိန်ပြီး overdrive - distortion အသံ အားပြည့်ပြည့် ရအောင် ယူတာလဲ ရေးစေချင်ပါတယ်၊ တစ်ချို့ အက်ဖက် ပက်ဒယ်တွေက အသံက မူလ ပညာရှင်တွေ အမ်ပလီဖိုင်ယာ အိုဗာဒရိုက်ဗ်မောင်းတာကို မိုက်နဲ့ ပြန်ဖမ်းတဲ့ အသံကို တုထားတာပါ။ အထူးသဖြင့် marshall jam 800, vox ac 30 စတဲ့ ဂစ်တာ အမ်ပလီဖိုင်ယာတွေက ယူကြပါတယ်။ မီးလုံး စက်နဲ့မှ အိုဗာဒရိုက်ဗ် လုပ်လို့ ရပါတယ်။ ထရန်စစ်စတာ စက်တွေက odd order harmonics distortion တွေ ဖြစ်စေလို့ အဲဒီလို သုံးလို့ မရပါဘူး။

    ReplyDelete
  9. Heavy Metal (HM-2) effect က ကောင်းလား။ ကျွန်တော်တို့မန္တလေးမှာ အဲဒီ effect က ၇၈၀၀၀ ကျပ်တဲ့။ဈေနှုံးက ကောဘယ်လိုလဲ။ ကျွန်တော်ဝယ်မလို့။မေးကြည့်တာ။အကြံဥာဏ်တောင်းတာပါ။

    ReplyDelete
  10. Roland..boss ..single effect pedal ထင်တယ်.. သူက ကောင်းပါတယ်။ ဈေးလဲသင့်ပါတယ်။ boss single effect pedal တွေထဲမှာ overdrive/distortion series မှာ အသုံးများတာက..ကမ္ဘာ မှာကော..မြန်မာမှာပါ DS-2 နဲ့ MT-2 ( Metal Zone ) တို့ ဗျ။ ခင်ဗျား ပြောတဲ့ HM-2 က သူတို့ ၂ ခုရဲ့ ကြားလောက်ရှိတယ်။ ဈေးရောပေါ့ ဗျာ..ကြားပါဘဲ။ MT-2 က နိုင်ငံခြားမှာ ဒေါ်လာ ၅၀ လောက်ဘဲ ၊ မြန်မာပြည်မှာ က တစ်သိန်းနဲနဲစွန်းနေတယ်။ တော်ဝင်ပလာဇာ တတိယထပ် ကိုခင်မောင်ထူး ဂစ်တာဆိုင်မှာရှိတယ်။ တခြားဆိုင်တွေလဲရှိပါတယ်။ DS-2 ပုံကတော့အပုံမှာပြထားတဲ့အတိုင်းဘဲ ကမ္ဘာ့အကောင်းဆုံး စတိဗေ ကြီးတောင်လက်မလွှတ်ဘူးလေ။ ဈေးလဲမကြီးလှဘူး ၄-၅ သောင်း ပတ်ဝန်းကျင်ဘဲ။ နိုင်ငံခြားမှာဆို ဒေါ်လာ ၃၀ လောက်ဘဲဗျ။ ဆင်ဂယ်အက်ဖက်တွေလဲ ကောင်းပါတယ်။ မယ်လ်တီဝယ်တီးရင်တော့ ဈေးသက်သက်သာသာနဲ့ အက်ဖက်တွေအကုန် တစ်စုတစ်စည်းတည်းတီးရတာပေါ့ဗျာ။ မိမိစိတ်ကြိုက်ပါဘဲလေ။ ခင်ဗျား ဆုံးဖြတ်ဝယ်ပေါ့။ Roland boss ဘရန်းဒ်ဘဲကောင်းပါတယ်။ အခြားတံဆိပ်တွေက သူ့ လောက်နံမည်မကျော်သလို အသံထွက် ကွာလတီလဲနဲနဲလေးကွာတယ်။ သိသာတယ်။

    ReplyDelete
  11. ဟုတ်ကဲ့ ကျေးဇူးပဲဗျာ။
    အခု Effect ၀ယ်ပြီးသွားပါပြီ။ နောက်ထပ်ဘာဝယ်ရဦးမလဲ။Amp ဝယ်ရမလား။ကျွန်တော်က ကျောင်းသား ဆိုတော့ မုန့်ဖိုးလေးတွေစုစုပြီးဝယ်ရတာ မရှိမဖြစ်တွေကို ဦးစားပေးဝယ်ချင်လို့ပါ။
    ကိုယ်တတ်နိုင်သလောက်ပေါ့။အခုဝယ်ထားတဲ့ electric ကလည်း copy ပဲလေ။ဒါပေမယ့် ကျွန်တော် တော်တော်သဘောကျပါတယ်။ အစ်ကိုတို့ ဆိုဒ်
    ကို တစ်ထောင့်တစ်နေရာကနေ အကူအညီဖြစ်နိုင်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်။

    ReplyDelete
  12. အိမ်မှာတီးယုံသက်သက်ဆို..MiNi amp ၁၀-၂၀ watt လောက်ဆို ကောင်းကောင်းအလုပ်ဖြစ်ပါတယ်။ သင့်တင့်တဲ့ မင်္ဂဆောင်ခန်းမ ထဲမှာတောင် အဲဒီကောင်တွေသုံးလို့အလုပ်ဖြစ်ပါတယ်။

    Live အကြီးတော့ မရဘူးပေါ့။
    amp ဈေးနှုန်းနဲ့ ပစ္စည်းတွေကို တော့ ဒီမှာ သာ တစ်ဝကြီး ကြည့်ရှု ရွေးဝယ်လိုက်ပါ။ http://www.musiciansfriend.com/guitar-amplifiers

    ရန်ကုန် စကော့ဈေးထဲက National ဂစ်တာဆိုင်မှာလဲ ဂျပန်မှာသုံးပြီးသား amp တွေဈေးသက်သက်သာသာ ရနိုင်သလို.. တော်ဝင်ပလာဇာ တတိယ ထပ် က အဆိုတော်ကိုခင်မောင်ထူးတို့ ဂစ်တာဆိုင်မှာလဲ amp နဲ့ ဂစ်တာ
့ဂစ်တာပစ်စည်းတွေ ဈေးမှန် တာဘဲဗျို့။ ဘရန်းဒ်တွေချည်းဘဲ။

    ReplyDelete
  13. အကိုရေ....ကျွန်တော် ဝယ်ထားတဲ့ Effect လေးတွေကတော့ Zoom G1XN တစ်လုံးရယ် Zoom 505 တစ်လုံးရယ်ပါ....သိပ်မချိန်တတ်ဘူးဖြစ်နေလို့ပါ..... ချိန်နည်းလေးများသိရမလားခင်ဗျာ....

    ReplyDelete
    Replies
    1. ကိုမျိုးမြင့်ရေ..ကျနော်တို့ကိုင်တာက Boss multi တွေ Boss single တွေပါ။ zoom ကို ချိန်ပေးထားတဲ့ ဆက်တင် Patch တွေကို နက်မှာဒေါင်းလို့၇ပါတယ်။ ဒေါင်းပြီးမှာ ကွန်ပြူတာနဲ့ချိတ်ပြီး..ကိုယ့်အက်ဖက်ထဲမောင်းသွင်းလိုက်ပေါ့ဗျာ။ ကျနော်တို့ boss တွေလဲ သူများတွေချိန်ထားတဲ့ patch တွေက တအားကောင်းတော့ အမျိုး ၂၀ လောက်ရှာပြီး မောင်းသွင်းထားတာရယ်။ စက်ထဲမှာ အော်တိုချိန်ထားတဲ့ အမျိုး ၂၀၀ ရယ်ကိုဘဲပတ်တီးတာပါ။ patch အချိန်းအပြောင်း..Gain ညီအောင်လောက်ဘဲ ညှိတယ်။ ကျန်တာတွေ ထိကိုမထိတော့ဘူး။ အော်တိုချိန်ထားတာရယ်။ သူများတွေ patch တွေရယ်ဘဲ မျှတီးတာ။ ဂူးဂဲလ်နဲ့ ခင်ဗျားမွှေ့လိုက်တက်လာလိမ့်မယ်။ အားကြီးဘဲ patch တွေကော ၊ခင်ဗျား Zoom တွေကိုချိန်တဲ့ ဗီဒီယို နမူနာတွေရောဗျ...အဆင်ပြေမှာပါ။ ဒီမှာ ဥပမာ ...http://guitarpatches.com/
      နဲ့
      http://www.samsontech.com/zoom/products/guitar-effects/g5/

      Delete
  14. Thank you so much... ဗဟုသုတရအများကြီးရပါတယ် ^^

    ReplyDelete