Sunday, 21 June 2015

မြန်မာမိုနို အထိုထို








 စတီရီယိုခေတ်မတိုင်မီ မြန်မာ့ဂီတသမိုင်းဦးကတည်းက ယနေ့အထိ နံမည်ကြီးနေဆဲ ပြန်ဆိုနေကြဆဲ ဂန္ဓ၀င် မြန်မာသံစစ်စစ် သီချင်းတွေ အများကြီးရှိခဲ့တာလူတိုင်းအသိပါ။ ကျွန်တော်တို့ နုတ်ဆိုတ်လေးမှာ ကိုယ်မလိုသော်လည်း လိုတဲ့သူတွေ ရှိချင်ရှိနေမှာ ဆိုတော့.. နက်ပေါ်ကနေရသလောက်နဲ့ မေးနဲ့ ပို့ လာ သမျှလေးတွေကို အခုလို  မြန်မာမိုနိုအထိုထို ဆိုပြီးခေါင်းစဉ်လေးနဲ့ အခန်းသစ်ဖွဲ့ လိုက်ပါတယ်။  တစ်ဦးချင်း အပုဒ်ရေးမများလှလို့ အဆို တော် တစ်ယောက်ချင်း တော့ခွဲမထုတ်ချင်တော့ပါဘူး။ လိုအပ်နေတဲ့ သူတွေအတွက် အလွန် အဖိုးတန် မယ်ဆိုတာ သိပါတယ်။ မူရင်းနုတ်သင်္ကေတရေးတဲ့ ပညာရှင်ဆရာများကို အဓိက ကုသိုလ် အမျှပေး ပါတယ်။ Credit နဲ့လည်း Post အောက်ဆုံးမှာဖေါ်ပြလေ့ ရှိ ပါတယ်။






ကျွန်တော်တို့မြန်မာကလေးသူငယ်တွေ ငယ်ငယ်က စွဲလမ်းခဲ့ရတဲ့ ရင်းနှီးခဲ့ဖူးတဲ့ မြန်မာ့ရိုးရာ သီချင်းလေးတွေရဲ့ ရှားပါး ရှေးဟောင်းပတ်ကားနုတ်ကလေးတွေကိုလည်း သီခြားခွဲပြီး တစ်စုတစ်စည်း တင်ဆက်ပေး လိုက်ပါတယ်-





Credit : Saya Nyunt Nwe, Ko KB, Ko PA,  Ko Wunna, Ko K.Myo Han, Ko Nay Zin Aung, Ko Ye Zaw Nuac & all Note-Extractors 

1 comment:

  1. အစ်ကိုရဲ့ blogကို application အဖြစ်ထွက်လာစေချင်တယ်
    ကျနော်တို့ လို သင်တန်းတွေ စာအုပ်စာစောင်တွေ မပြည့်စုံဘဲ ဂီတပညာကိုလေ့လာနေရတဲ့ နယ်ကလူတွေအတွက်
    အစ်ကို blogက အရမ်းအဆင်ပြေတယ်။
    Appအဖြစ်ထွက်လာရင် ပိုအဆင်ပြေမယ်လို့ ယူဆတယ်။
    ထွက်ပါစေလို့ လည်းမျှော်လင့်တယ်။

    ReplyDelete