Monday, 31 August 2009

မင်းအောင်







မြန်မာသံအဆိုတော်ကြီး မင်းအောင်ဆိုတာ တစ်ချိန်က မြန်မာသံစဉ် မိုနိုသီချင်း တွေကို ခေတ်ပေါ် ဂစ်တာ နဲ့ တွဲဖက်ပြီး ခေတ်တစ်ခေတ်ကို အခိုင်အမာထူထောင်ခဲ့သူပါ။ ရန်ကုန်မြို့၊ဘားလမ်းထိပ်မှာလည်း မင်းသား လေး တေးသံသွင်း ဆိုင်ကို ထူထောင်ပြီး သူ့ရဲ့ စီးရီးခွေတွေကို ဆက်တိုက် ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ နောက်တော့ သူနဲ့ခေတ်ပြိုင် မြန်မာသံအဆိုတော် ကို အနိုင် နဲ့ အသက်တူ ၄၀ မှာဘဲ တစ်လလောက်ဘဲ ခြား ပြီး ၂ ဦးစလုံး ကွယ်လွန်ခဲ့ကြပါတယ်။ ကိုမင်းအောင်ရဲ့ နတ်စ်ပေါင်းများစွာထဲကမှ အားလုံး ကိုမတင်နိုင်လို့ သူ အထူး နံမည် ကျော်ကြား အောင်မြင်ခဲ့တဲ့တေးသီချင်း အချို့ (ဒါတောင်အတော်များပါတယ်) ရဲ့ နုတ်စ်သင်္ကေတ များ ကို စုဆောင်းထားရှိတာကို အောက်ပါအတိုင်းဘဲ တင်ပေးလိုက်ပါတယ်။ ကျွန်တော်များ ဘလော့ဂ် ကို လာ လည်ကြတဲ့ သူငယ်ချင်းများထဲမှာ မိုနို သမားတွေပါလာရင် အားရပါးရ ဒေါင်းလုပ်သီဆိုတီးခတ်နိုင်ဖို့ အတွက် ရယ် ပါ။ ကျွန်တော်တို့ ဘလော့ဂ်လေး လဲ ပိုမို ရသစုံလင် သွားအောင်ပါ။


( မှတ်ချက်။ ကိုမင်းအောင် နုတ်စ်အတော်များများကျန်ရှိသေးသော်လည်း အချိန်နှင့် လုပ်အား အခက်အခဲ ကြောင့် ထပ်မတင်နိုင်တော့ပါ။ ယခု တင်ထားသလောက်ဖြင့်သာ ကျေနပ်ပေးကြပါရန်။ အကယ်၍ ယခု တင်ထား သည့် နုတ်စ်များတွင် မပါသေးဘဲ လိုချင်သေးသည့်တစ်ပုဒ်စ နှစ်ပုဒ်စ ထပ်ရှိပါက မူ Chat Box တွင် သီချင်းနံမည်ဖြင့် ထပ်မံတောင်း ဆိုပေးပါက အထူး စေတနာ မေတ္တာ ဖြင့် ထပ်တင်ပေးပါမည်။ )






No comments:

Post a Comment