Monday, 21 September 2009

Notationရေးသား သည့် Softwareများ

Simplified Musical Notation Input System

Microsoft Word နဲ့တရုတ်နုတ်/ဂဏန်းနုတ်(Oriental Notation)ေ၇းသားတဲ့ ဆော့ဖ်ဝ်ယားလေး ကိုအောက်မှာ ဒေါင်းလုပ်နိုင်ပါတယ်။ တကယ်တော့ Font Install ပါဘဲလေ။ Word မှာ ဂဏန်းနုတ်ရေးနိုင်တဲ့ Font ကို အင်စတောတာပါဘဲ။ ပြီးမှ Add-on နဲ့ ဂီတသင်္ကေတတွေလိုက်ဖြည့်တာမျိုးပါ။ ပဲပင်ပေါက်မရေးနိုင်သေးလို့ တရုတ်နုတ်အသုံးများတဲ့ ဂီတသမားဖြစ်ရင်တော့ဖြစ်အောင်ဒေါင်းလုပ်သုံးစွဲပါ။ လက်ရေးထက်သာတဲ့ နုတ်သပ်သပ်ယပ်ယပ်တွေ  ကွန်ပြူတာနဲ့ရေးနိုင်တာပေါ့နော်..


Download Here

ဂဏန်းနုတ်တစ်ပုဒ်ကို Microsoft Word နဲ့ ရေးသားနည်း အစအဆုံးကို အောက်ပါဗီဒီယိုမှာကြည့်ရှု
နိုင်ပါတယ်။
Credit : Sr Nyunt Nwe
..........................................


S-Music Notation


အရှေ့တိုင်း နုတ် @ Numbered Notation ရေးသားတဲ့ဒုတိယ Software လေး ပါ။ အပေါ်က စနစ်လောက်တော့ဟန်မကျပါဘူး။ မြန်မာဖောင့်တွေဝင်ရေးမရလို့ပါဘဲ။  သူ့ လိပ်စာ က http://www.a1soft.com/smusic/index.htm ပါ။ ဖရီး အလကားပေးတဲ့ Software လေးပါ။
သူ့အားနည်းချက်တစ်ခုက မြန်မာသီချင်းတွေကိုနုတ်ရေးပြီး၊ သီချင်းခေါင်းစဉ်ကိုမြန်မာလိုတပ်မရဖြစ်တာပါ။ ဒီလိုဆိုရင် နုတ်ရေးပြီးရင် ဖိုင်ကို JEPG extension နဲ့ Save လုပ်ပါ။ ပြီးတော့မှ Adobe Photoshop (သို့မဟုတ်) Windows OS ထဲက Paint နဲ့ မြန်မာလိုခေါင်းစဉ်တပ်လိုက်ပါ။
အောက်မှာဒေါင်းလုပ် ရယူနိုင်ပါတယ်။ သူ့ အညွှန်း Feature နဲ့ပတ်သက်လို့ကတော့ သူ့အတိုင်းအင်္ဂလိပ်လို ဘဲ ကူးတင်လိုက်ပါတယ်

Features:

* A Windows Desk-Top software for numbered (simplified) music notation, JianPu.
* It allows you to write music with various special music symbols and print it out.
* You can choose big, medium and small font.
* There are more easy to use and speed up features for you to discover.
* Included is a sample JianPu file, spring.smn. After installation, open this file to see for youself.
* We know that there is a lot of room to improve this software, ...






http://www.a1soft.com/download/installsm.exe
သို့မဟုတ် http://www.a1soft.com/download/smusic.zip







Guitar Pro 5.2

တကယ်ကောင်းတဲ့ Software ကတော့ ဂစ်တာပရို ပါ။ နိဒါန်းမှာဖေါ်ပြခဲ့သလိုပါဘဲ။ သီချင်းတစ်ပုဒ်ကို Track 10 ခု mixdown ချထားရင်။ ပတ်ကားနုတ်/တက်ဘ်နုတ် ၁၀ ရွက် ၁၀ မျိုးထုတ်လို့ရပါတယ်။ ဂစ်တာကိုချည်း အခူးစတစ်၊ Clean၊ Distortion သုံးလိုင်း တီးထားလဲ ဂစ်တာ သုံးမျိုးအတွက် နုတ်စာရွက် ၃ မျိုးထုတ်ခိုင်းလို့ရပါတယ်။ သူ့မှာပါတဲ့ တူရိယာတွေနဲ့ အသံပေါင်းစုံပြောင်းတီးခိုင်းလို့ရသလို၊ ကီးတွေကိုလဲ လိုသလိုချိန်းပြောင်းလို့ရပါတယ်။ သီချင်းတစ်ပုဒ်ရဲ့ နုတ်တွေကို သူ့ကိုတီးခိုင်းနေစဉ် ဂစ်တာ Fingerboard ကြီးနဲ့ Keyboard ခုလုပ်ခုံကြီးကိုပါ နုတ် ပေါ်မှာ တင်ထားပြီးနုတ်တွေနဲ့ တစ်ပြိုင်တည်းရှု ခံစားနားဆင်လို့ရပါတယ်။ ဘယ်နုတ်ကို ဂစ်တာ Fingerboard ဘယ်နေရာမှာ နှိပ်တီးနေတယ်။ ကီးဘုတ်နဲ့ဘယ်လိုတီးနေတယ်ဆိုတာကိုကြည့်လို့ရလို့ အရမ်းအရမ်းဂွဒ်ပါတယ်ခင်ဗျာ။ Bass ဂစ်တာနုတ်ကို ကြည့်ရင် ကြိုးလေးချောင်းနဲ့ Bass Guitar Fingerboard ကြီးကို ကြည့်ပြီးနားဆင်လို့ရပါတယ်ခင်ဗျာ.
အဲ...နုတ် ၁၀မျိုးကို တော့ တစ်ပြိုင်တည်း ကြည့်လို့မရလို့ တူရိယာ ၁၀ မျိုးတီးနေပေမဲ့ ကိုယ်ကြည့်ချင်တဲ့ နုတ် ကို Window အောက်ခြေ၊ နုတ်စာရွက်အောက်ခြေက ရောင်စုံ Track ဘားတန်းတွေထဲက Track တစ်ခုချင်းကို
ရွေးပြီး ကြည့်ရှုနားဆင်ခြင်းဖြစ်ပါတယ်။






Guitar Pro is a multitrack tablature editor for guitar, banjo and bass. Besides writing scores, Guitar Pro is a useful resource for guitarists from beginner to experienced levels to progress , compose , or simply accompany themselves.

Special features of Guitar Pro 5:

- New RSE [Realistic Sound Engine] with real instrument sounds - listen to some samples
- New Graphical Interface (skinable)
- 4 Display Modes: Page, Parchment, Vertical Screen, Horizontal Screen
- Fine Scrolling and Zoom from 30% to 200%
- Score display fully redesigned (silimar to published songbooks)
- Automatic vertical positionning and spacing of score symbols to avoid collisions and blank spaces
- New Page Setup window
- Advanced Standard Notation (effects, beams, stem direction...)
- Manuscript Configuration for each Track (tablature only, standard notation only or both, diagrams...)
- Multiple Selection used for editing and playing tools
- Playing of a selected part with Multiple Selection (also works for looped play)
- Move Tracks Up and Down
- Voice Support (lead and bass)
- Coda, Segno (simple and double), Fine + 14 possible jumps
- 8va, 8vb, 15ma and 15mb
- Triplet Feel affected to the bar (8th or 16th)
- Improved Alternate Endings
- Improved Grace Note and Dead Note
- Possibility to add Effects on Tied Notes
- Extended Bends and Tremolo Bar
- Full Support of Artificial Harmonics
- Wah-wah
- Heavy Accentuated Notes
- Tunings associated to an Instrument
- Diagrams displayed with the score and/or under title
- Improved Speed Trainer
- MusicXML Import/Export
- PowerTab Import
- TablEdit Import
- PDF Export
- Improved ASCII Import/Export
- BMP Export of a complete page
- Improved and Simplified WAVE Export (using Windows(r) Mixer)

The version DOES NOT include the RSE [Realistic Sound Engine].


အောက်မှာ Guitar Pro 5.2 Software နဲ့တစ်ကွ ကမ္ဘာ့ကျော်တီးဝိုင်းပေါင်းစုံ။ ပညာရှင်ပေါင်းစုံ တို့ရဲ့သီချင်းအပုဒ်ပေါင်း ၂ သိန်း နီးပါး ကို တစ်ပျော်တစ်ပါး စုပေါင်းဒေါင်းလုပ်ခံစားနားဆင်နိုင်ပါတယ်ခင်ဗျာ။
တင်ထားတဲ့ ရက်ပစ်ဆာဗာက ဒေါင်းလုပ်သူမရှိရင် ပလုံတော့တာမို့..အမြန်ဆုံးသာပုဂံလုံးစီးပြီးဒေါင်းလုပ်
အင်စတော ခံစားလိုက်ပါ။

စာကြွင်း... အောက်ပါဒေါင်းလုပ် Button အနီလေးကိုနှိပ်လိုက်ပါက ၁၁မီကာဘိုက် သာရှိသော ဂစ်တာပရို ၅.၂ အတွက် Setup ဖိုင်+ကီးဂျန် ကို ဒေါင်းလုပ်ရရှိနိုင်မည့် Web-Page သို့ရောက်ရှိသွားမည် ဖြစ်ပါသည်။






http://rapidshare.com/files/79517056/Guita_Pro.part1.rar
http://rapidshare.com/files/79515307/Guita_Pro.part2.rar
http://rapidshare.com/files/79513591/Guita_Pro.part3.rar
http://rapidshare.com/files/79511523/Guita_Pro.part4.rar
http://rapidshare.com/files/79509427/Guita_Pro.part5.rar
http://rapidshare.com/files/79507385/Guita_Pro.part6.rar
http://rapidshare.com/files/79505428/Guita_Pro.part7.rar













Glitter Words ကျွန်တော်တို့ ဒီ Notation Blog မှာ တင်ထားတဲ့ နုတ်စ်တွေ ဟာ Scan ရိုက်ပြီး PDF ဖိုင်နဲ့တင်ထားတဲ့ နုတ်စ်တွေ ရှိသလို Guitar Pro ဆော့ဖ်ဝဲယားနဲ့ ဖွင့်ပြီး မှ လိုက်ကြည့်၊ အသံနားထောင်၊ တူရိယာတစ်ခုချင်းအလိုက် Print ဘဲထုတ်ထုတ်၊ နုတ်စ် စာရွက်ကို PDF ဖိုင်ဘဲ ရိုက်ရိုက် လုပ်နိုင်တဲ့ gp ဖိုင် extension နဲ့ နုတ်စ်တွေလဲအတော့်ကိုများပါတယ်။ အထူးအား ဖြင့် ကော်ပီသီချင်း တွေ ပါ။ ဒီအထာလေး ကို မသိတဲ့ ညီအကိုတွေက နုတ်စ်တွေ ၀င်ဒေါင်းပြီး ဖွင့်မရဘူး၊ ဘယ်လိုလုပ်ရမယ်မသိဘူး ခဏခဏ Chat Box ထဲမှာအော်ကြပါတယ်။ ကျွန်တော်တို့လဲ အစကတော့ အမှုမဲ့အမှတ်မဲ့နဲ့ Chat Box ထဲမှာ တစ်ယောက်ချင်းလိုက်ရှင်းပြခဲ့ပါသေးတယ်။ နောက်တော့ မဖြစ်ချေဘူး။ Guitar Pro Application ကို ဒေါင်း လုပ် လုပ်ဖို့ ဒီအခန်းထဲကို ဇွတ်ခေါ်မှရ မယ်ဟ..ဆိုပြီး Counter Bar လေး အောက်မှာ Guitar Pro -Download Link Picture လေးထပ်ဖြည့်ပေးလိုက်ရပါတော့တယ်။


ဂစ်တာပရို-၅ ဟာတော်တော်လေးတော့ကောင်းပါတယ်။ သို့သော် အခု နောက်ဆုံးထွက်သွားတဲ့ ဂစ်တာပရို-၆ ကတော့ ဂစ်တာပရို-၅ ထက် ပို၍ပို၍ ကောင်းသွားပါပြီ၊ အထူးကောင်းတာ တစ်ချက်က အရင် ပရို-၅ မှာ သီချင်းခေါင်းစဉ်၊ သီချင်းစာသားတွေကို မြန်မာစာသား တွေ ၀င်ရိုက်လို့မရပါဘူး။ ဘားဂလိပ်တွေနဲ့ဘဲ တပ်ခဲ့ရတာပါ။ အခု ဂစ်တာပရို-၆ မှာ မြန်မာစာတွေ ၀င်တပ်/ရိုက် လို့ လုံးဝရသွားတာပါဘဲ။

ဂစ်တာပရို-၆ က မှတ်ပုံတင်ဗားရှင်းရဖို့ Crack လုပ်တာကတော့နည်းနည်းဇာတ်ရှုတ်ပါတယ်။ သို့သော် အောင်မြင်ပါတယ်။ မှတ်ပုံတင်ဗားရှင်းရပြီး တာတောင် ဂစ်တာပရို-၅ ဖိုင်ဟောင်းတွေဖွင့်ဖတ်ရင် တွဲဖက် တူရိယာအသံတွေကျန်နေပါသေးတယ်။ မူရင်း ဆာဗာမှာ update ၀င်လုပ်ပါလို့ ဦးဏှောက် လာစားပါလိမ့်မယ်။ ဒီအတွက် RSE-2 ဖိုင်တစ်ထောကြီးကိုသာ အတွဲ ၁ မှ ၁၂ အထိ ကို Rapidshare ဆာဗာမှာ ထပ်ဒေါင်း ပြီးအင်စတောလုပ်ပါမှသာ ပြီးပြည့်စုံပါလိမ့်မယ်ခင်ဗျာ။



ကဲ..သူငယ်ချင်းတို့ရေ..အောက်က ဒေါင်းလုပ်ဘာတန် အနီလေးကိုနှိပ်ပြီး ဂစ်တာပရို-၆ ကို ၀င်ဒေါင်းလိုက်ယုံ ပါဘဲနော်.. ၀င်းရာဖိုင်(၈)ဖိုင်နဲ့တော့ ခွဲတင်ထားပါတယ်။ ၀င်းရာကိုဖွင့်ရမဲ့ စကားဝှက်ကို တော့ အောက်ဖက်က Tip 4 U စာပိုဒ် ထဲမှာ ယူလိုက်ပါနော်။










Glitter Words ဂစ်တာပရို-၆ ဟာ ၅.၂ ထက် များစွာပိုကောင်းသွားပြီဆိုတာ အပေါ်မှာ သေချာရှင်းပြခဲ့သလိုဘဲ၊ ကျွန်တော်တို့ ဘလော့ဂ်အတွက် နောင် နုတ်စ်များရေးသားရင် ဂစ်တာပရို-၆နဲ့သာ ဖြစ်နိုင်ရင် ရေးသားပေးပို့ ပေးကြဖို့တိုက်တွန်းချင်ပါတယ်။ အားလုံးအတွက်ပါ။ သီချင်းခေါင်းစဉ်တွေကိုမြန်မာ ခန့်ခန့်ညားညားလေးတပ်နိုင်ပြီး၊ သီချင်းစာသားတွေကိုလဲ နုတ်စ် ဘားတွေအလိုက် အတိအကျ လိုက်တပ်ပေးလို့ရလို့ပါဘဲ။

ဂစ်တာပရို-၆ အတွက် ဒေါင်းလင့်တွေကို ဒေါင်းလုပ်ဘာတန် အနီလေးကိုနှိပ်ပြီး ဒေါင်းတဲ့စာမျက်နှာကို ရောက်နိုင်ပြီး၊ ရက်ပစ်ဆာဗာပေါ်က ဖိုင်တွေကိုဒေါင်းနိုင်သလို၊ မရှင်းမလင်းကြတဲ့ သူငယ်ချင်းတွေအတွက် တော့ ဒေါင်းလင့်တွေကို အောက်က Comment Post မှာ ကူးတင်ပေးလိုက်ပါတယ် ။ ဒီ ဘလော့ဂ်ကိုလုပ်တဲ့ ကျွန်တော်တို့အပြင် ဘလော့ဂ်ကိုလာကြတဲ့သူတွေအားလုံး စီးပွားဖြစ် လုပ်ကိုင်နေကြတဲ့ ၀ိသမလောဘသားများ(လုံးဝ)မဟုတ်ကြဘဲ မအားကြတဲ့ကြားတည်းက ၀ါသနာလေး တစ်ခုတည်းနဲ့ အချိန်ဖဲ့ စိတ်ဖြေနေကြတဲ့သူတွေချည်းလို့ယူဆတဲ့အတွက် မလုပ်သင့်ပေမဲ့ ယခုလို ဒေါင်းလင့်များပေါ်တင် ကူးတင် ပေး လိုက်ခြင်းပါ။

ဂစ်တာပရို-၆ ကို ဒီဘလော့ဂ်ကို လာကြတဲ့သူငယ်ချင်းတွေအားလုံး စိတ်ချလက်ချ သုံးစွဲစေချင်တဲ့ စေတနာအရင်းခံက ပြင်းထန်လာတဲ့အတွက် မလုပ်ရဲပေမဲ့ ထပ်မံ ပြီး ကိုယ်ပိုင်အကောင့်ဖွင့်ပြီး နောက်ဆုံးအလုပ်ဖြစ်တဲ့ ခရက် (၂)နဲ့ ဂစ်တာပရို-၆ ဖူးလ်ဗားရှင်း ကို ဖရီးဆာဗာပေါ်တင်ပေးလိုက်ပါပြီ။ ရက်ပစ်တို့ ဟော့ဖိုင် တို့လို ဖရီးဆာဗာပေမဲ့ ဒေါင်းသူမရှိရင် အလိုလိုပျက်သွားမဲ့ ဆာဗာမဟုတ်ဘဲ၊ ကွန်ပလိန်းလာလို့ ကိုယ်ဒလိ မလုပ်မချင်း မပျက်ဘဲ ထာဝရတည်တံ့မဲ့ဖရီးဆာဗာကြီးပေါ် ကောက်တင်ပေး လိုက်တာပါ။ မူပိုင်ခွင့် ကွိုင်များ၊ကွန်ပလိန်းများ ရှောင်ရှားရန်အလို့ငှာ.စုစုပေါင်း (၇၁)မီကာဗိုက်ရှိတဲ့ ဖိုလ်ဒါ ကို ထုံးစံအတိုင်း စကားဝှက်ထည့်ပြီး ၀င်းရာ နဲ့ (၈)ဖိုင်ခွဲ တင်ပေးလိုက်ပါတယ်။ စကားဝှက် ကတော့ ဇော်ဂျီယူနီကုဒ် သုံးကြတဲ့ မြန်မာတွေဘဲဖေါ်လို့ရမဲ့ စကားဝှက် ကို တမင်ထည့်ပေးလိုက်တာပါ။ ဆော့ဝဲပိုင်ရှင်နဲ့ ဆာဗာရှင်တွေ ဘယ် password recovery software နဲ့မှ ဖွင့်မရ၊ မှန်းမရအောင် တမင် ဦးဏှောက်စား ပေးလိုက်တာပါ။ စကားဝှက် က မြန်မာ့ဂီတကမ္ဘာကိုလွှမ်းရမည်။ ပါ။ ဇော်ဂျီယူနီကုဒ် အွန်ပြီး ဒီအတိုင်း ကော်ပီကူးထည့်လိုက်ပါ။ သို့မဟုတ် ရိုက်ထည့်နိုင်ပါတယ်။ ဇော်ဂျီဘဲ ဒီရာဖိုင်တွေကိုဖွင့်နိုင်ပါမယ်။ သိကြားမင်းတို့ မိုးနတ်မင်း တို့တောင်ဖွင့်မရပါဘူး။


စိတ်မကောင်းဖွယ်ရာတစ်ချက်ကတော့ RSE-2 အပ်ဒိတ်ဖိုင်ကြီးတော့ မတင်ပေးနိုင်ပါခင်ဗျာ။ ၁.၇ ဂျစ်ကာဘိုက်တောင်ရှိလို့ပါ။ စေတနာ့ဝန်ထမ်းများရှိလို့ စကိုင်းဒရိုက်မှာအကောင့်ဖွင့်တင်ပေးနိုင်မယ်၊ ပြီးမှ လင့်ပေးမယ် ဆိုရင်တော့ အတိုင်းအထက် အလွန် ကုသိုလ် ရမှာပါခင်ဗျာ။ ကျွန်တော်တို့ချက်ချင်းတင်ပေးပါ မည်။ ထုံးစံအတိုင်း စကားဝှက်တော့ ထည့်ပေးပေါ့နော်.။ ၁.၇ ဂစ် RSE-2 ကို တင်ပေးချင်ပါသော်လည်း ကျွန်တော်များ အင်တာနက်က မကောင်းလို့ ပါခင်ဗျာ။ အချိန်လဲမပေးနိုင် ထိုင်လဲ မစောင့်နိုင်လို့ပါ။ အခု တင်ပေးထားတဲ့ ဒေါင်းလုပ် ဘာတန် အနီကို နှိပ်ပြီးဝင်ဒေါင်းရမဲ့ ရာဖိုင် ၈ ဖိုင် ကတော့ ဂစ်တာပရို-၆ ရက်ဂျစ်စတာဗားရှင်းတော့ ပေးပါလိမ့်မယ်။ သံစုံတီးဝိုင်းအတွက် ကတော့ RSE-2 (Sounds Bank) အပ်ဒိတ် ဖိုင် လေးကို ရမ်းပြီး ထပ် အပ်ဒိတ်လုပ်မှ သာရမှာပါ။ RSE-2 အပ်ဒိတ်ဖိုင် ကို ရက်ပစ် ဆာဗာပေါ် မှာ ၁၂ ပိုင်းခွဲတင်ပေးထားတဲ့ လင့်တွေ က တော့ အောက်က Comment Post မှာ ရှိပါတယ်။






ဂစ်တာပရို-၆ အသုံးပြုနည်း On-line ဗီဒီယို ကလစ်တွေကို ဒီမှာ ကြည့်နိုင်ပါတယ်။

29 comments:

  1. I got download file already.I can't open rar file.Can U explain how to open rar file,please?.Thanks anyway!

    ReplyDelete
  2. Downloaded Rar ဖိုင် မှာ Right Click လုပ်ပြီး extract all files here လုပ်ပေးလိုက်ယုံပါဘဲဗျာ.လွယ်ပါတယ်

    ReplyDelete
  3. I got open guitar pro rar files.Thank a lot Myanmar music note..I did installation already.I'd like to know how to use guitar pro software,please..Thanks again..

    ReplyDelete
  4. ကျေးဇူးပြုပြီးတော့
    guitar pro 6 link လေးတင်ပေးပါဗျာ
    ကျေးဇူးအများကြီးတင်ပါတယ်
    အမြဲတန်းအားပေးနေပါတယ်

    ReplyDelete
  5. သဘောမပေါက်ကြတဲ့အတွက် .. ဂစ်တာပရို-၆ ဒေါင်းလင့်တွေ ဒဲ့ဘဲတင်ပေးလိုက်ပါတယ်။ ဒီမှာနော...

    Guitar Pro 6 Setup Only

    http://rapidshare.com/files/384509893/suonareins_byDRSpollonia.rar

    Guitar Pro 6 Crack Only

    http://rapidshare.com/files/385027861/suonareda_byDRSpollonia.rar

    Guitar Pro 6 Setup + Crack

    http://rapidshare.com/files/385028672/suonareinsda_byDRSpollonia.rar

    RSE 2 (SoundBank)

    http://rapidshare.com/files/384578358/suonaresuon.part01.rar

    http://rapidshare.com/files/384592150/suonaresuon.part02.rar

    http://rapidshare.com/files/384608747/suonaresuon.part03.rar

    http://rapidshare.com/files/384622899/suonaresuon.part04.rar

    http://rapidshare.com/files/384637438/suonaresuon.part05.rar

    http://rapidshare.com/files/384652235/suonaresuon.part06.rar

    http://rapidshare.com/files/384665641/suonaresuon.part07.rar

    http://rapidshare.com/files/384678031/suonaresuon.part08.rar

    http://rapidshare.com/files/384690153/suonaresuon.part09.rar

    http://rapidshare.com/files/384702706/suonaresuon.part10.rar

    http://rapidshare.com/files/384714243/suonaresuon.part11.rar

    http://rapidshare.com/files/384725637/suonaresuon.part12.rar

    156.000 Tabs

    http://rapidshare.com/files/276872620/esono150.part01.rar

    http://rapidshare.com/files/276880781/esono150.part02.rar

    http://rapidshare.com/files/276889497/esono150.part03.rar

    http://rapidshare.com/files/276899019/esono150.part04.rar

    http://rapidshare.com/files/276908883/esono150.part05.rar

    http://rapidshare.com/files/276917241/esono150.part06.rar

    http://rapidshare.com/files/276925612/esono150.part07.rar

    ReplyDelete
  6. RAR ဖိုင်တွေကို ပွင့်ဖို့ စကားဝှက်က တော့ DRS ပါ တဲ့ခင်ဗျ။



    အောက်ပါ ဆိုတ်က ကူးတင်တာနော်...

    http://smiling-dream.info/guitar-pro-6-rse-2-guitar-pro-5-2-rse-156-000-tabs.html

    ReplyDelete
  7. အပေါ်မှာ လက်ထောင်ပြီး ကနေတဲ့ ကုလား စာပိုဒ် အောက်က ဒေါင်းလုပ် ဘာတန် အနီကို နှိပ်ရင် ခရက်(၂)ခုနဲ့ ဂစ်တာပရို-၆ (စုစုပေါင်း ၇၁မီကာဘိုက်) Folder ကိုရပါတယ်။ ရက်ဂျစ်စတာဗားရှင်းရအောင် gp updater ခရက်သုံးပြီး hosts မှာ အက်တီဗေးရှင်းဆာဗာ address လေး ထည့်လိုက်ယုံနဲ့ အဆင်ပြေပါတယ်။

    တစ်ချို့ Windows 7 အစစ်အမှန် OS တွေ နဲ့ အဲဒီ့ ခရက်ကင်း method ကအဆင်မပြေတာကြုံလေ့ရှိတယ်။ ဒါဆို ဒုတိယခရက်ကင်း method ကိုဘယ်လိုသုံးမယ်ဆိုတာကိုလဲ ရှင်းပြထားပါတယ်။

    အားလုံးဂစ်တာပရို-၆ နဲ့အဆင်ပြေကြပါစေ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ.. ကျွန်တော်တို့ဘလော့ဂ် ကို နုတ်စ်အသစ်တွေရေးပြီး လှူနိုင်တန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
    Replies
    1. အဲဒီ hosts မှာ အက်တီဗေးရှင်းဆာဗာ address ကိုဘယ်လိုထည့်ပါလဲ ခင်ဗျာ။

      Delete
  8. မြန်မာ့ဂီတကမ္ဘာကိုလွှမ်းရမည်။ ကိုရိုက်ထည့်လည်း ဖွင့်လို့ မရဘူးဖြစ်နေပါတယ်ဗျာ။

    ReplyDelete
  9. ဟုတ်တယ်လုံးဝမရဘူးလုပ်ပါဦးဗျာ...မြန်မာ့ဂီတကမ္ဘာကိုလွှမ်းရမည်။လဲရိုက်တယ်ရဘူး copy လုပ်တယ်ရဘူးသုံးတာကလဲဇော်ဂျီပဲဘာလို့ မရလဲမသိဘူးကူညီပါဦးဗျာ......

    ReplyDelete
  10. ကျွန်တော်က guitar pro5.2 ဒေါင်းပြီးပြီဗျ။ ဖွင့်လို့ မရဘူဗျ။ဘယ်လိုလုပ်ရမယ်မှန်းမသိဘူးဗျာ။ user ID နဲ့  key ID ဖြည့်ရမှာကိုမလုပ်တတ်ဘူးဗျ။ ကူညီပါဦး။.....

    ReplyDelete
  11. ကျေးဇူးပြုပြီး

    User ID & Key ID လေး ပေးလို့ ရမလား။

    အသုံးပြုချင်လို့ပါ

    ReplyDelete
  12. ဟုတ်တယ်ဗျို့ကျွန်တော်လဲ 5.2 ကိုဒေါင်ပြီးထည်ပြီးဖွင့်ကြည်တော့မှယူဇာအိုင်ဒီနဲ
    ကီးတောင်နေတယ်..ဘယ်လို့လုပ်လုပ်ဖွင့်လို့လဲမရဘူး.ပိုဆိုးတာကကျွန်တော်
    ကကွန်ပြူတာကိုသုံးပဲသုံးတတ်တာ..သိပ်နားလည်တာမဟုတ်တော့ပိုဆိုးတယ်
    ဖြစ်နိုင်ရင်လုပ်ပါအုံးကို့ဆရာရယ်အားကိုးပါတယ်...း)

    ReplyDelete
  13. 5.2 က key gen က extract လုပ်လိုမရဘူးဖြစ်နေတယ်။ သုံးချင်တယ် ၊ မရဘူးဖြစ်နေတာယ်။ ကူညီကြပါဦး။

    ReplyDelete
  14. Rapidshare မှာ file was not found ဖြစ်နေပါတယ်ခင်ဗျား၊တျေးဇူးပြုပြီး link လေးတွေကိုစစ်ပေးစေချင်ပါတယ်ခင်ဗျား ကျွှန်တော်လိုချင်တာက Guitar Pro 6 RSE 2 ပါခင်ဗျား

    ReplyDelete
  15. guitar pro 6 ရဲ့ User ID နဲ့ key ID က မရဘူးဖြစ်နေတယ်
    အဲဒီကီးတွေကို ဘန်လိုက်ပြီးလို့စာပေါ်နေတယ်။
    ကူညီပါဦး။

    ReplyDelete
  16. သီချင်း ဒေါင်းထားတဲ့လေးဖြူသီချင်း၊မျိုးကြီးသီချင်း GP4File ကိုဘယ်လိုလုပ်ရမလဲ။ကျေးဇူးပြုပြီးတော့ဖြေကြားပေးပါ။

    ReplyDelete
  17. Guitar Pro 6 မှာ password ဖြေတာ တိုင်ပတ်နေပါတယ်ခမျ........း)
    ကယ်ကြပါဦး...........

    ReplyDelete
  18. Guitar Pro 6 Password ဘယ်လိုမှ ဖြည်လို့မရပါဘူးခင်ဗျာ။
    တိုင်ပတ်ရုံတင်မဟုတ်ဘူး၊ ရွာပါလည်နေတယ်ဆရာတို့ရေ။
    လုပ်ကြပါဦးဗျ...ဟီးဟီး....ငိုချင်လာပြီဗျို့

    ReplyDelete
  19. Guitar pro 6 ကို andriod version လေးရချင်လို့ဗျာ။ ကူညီကြပါအုံး။

    ReplyDelete
  20. တိုင်ပတ်နေတာပဲ :P

    ReplyDelete
  21. Pro 6 ကိုဒေါင်းပြီးဖြေတာ part 3 မှာ error တက်လာတယ် ကျေးဇူးပြုပြီး ပြန်တင်ပေးလို့ ရမလား။ ကျေဇူးတင်ပါတယ်။

    ReplyDelete
  22. Pro 6 ကိုယူပြီးသွားပြီး ဖြေလို့မရဘူး အစ်ကို ဘာမှားနေလဲမသိဘူး ၁ပြီးရင် ၂ဟုတ် အဲဒီမှာ ပြဿနာတတ်နေတာပါပဲဗျာ

    ReplyDelete
  23. ကျနော် က software ကို ဆိုင်က၀ယ်ပြီ တင်ပြီးပါပြီ guitar pro 6 ရဲ့ User ID နဲ့ key ID ကို လိုနေလို.ပါ ။ ကျေးဇူးပြုကြပါဗျာ

    ReplyDelete
  24. http://guitaristscentral.blogspot.com/2010/04/guitar-pro-6-crack-updated.html


    ဒီ site လေးကို စမ်းကြည်.ပါလား

    ReplyDelete
  25. Guitar pro 6 ကိုဒေါင်းတော့ဒေါင်းပြီးပြီး
    pss ထည့်တဲ့နေရာမှာတိုင်ပတ်နေတယ်
    အဲ့ဒါလေးရှင်းပြပါဦး . . . .

    ReplyDelete
  26. http://yorick.homelinux.com/ftp/Soft/Guitar%20Pro%206.0.7%20b2%20r8924%20FULL/Soundbanks/

    GUITAR PRO6 RSE ပါ။

    ReplyDelete
    Replies
    1. ကျေးဇူး အများကြီး တအုံးကြီးတင်ပါတယ်ခင်ဗှား............

      Delete
  27. android device တွေအတွက် Guitar pro application ပါ

    http://m.hiapphere.com/down/guitar_pro_tab_player

    အိတ်ဆောင်ပေါ့ ရေးဖို့အတွက်တော့သိပ်အဆင်မပြေဘူး notesကြည့်ဖို့တော့အဆင်ပြေပါတယ်

    ReplyDelete