Thursday, 29 December 2022

အခြားမြန်မာသီချင်းကောင်းနိုးရာရာများ







  1. ပေါင်ချိန်ရုပ်ရှင်သီချင်း
  2. ပေါင်ချိန်
  1. ခက်တယ် ( ဖြိုးမြတ်အောင် )
  2. ဒုတိယဘုရားသခင် ( ဖြိုးမြတ်အောင် )
  3. သူမနဲ့ကျနော်ရဲ့အထုပ္ပတ္တိ ( ဖြိုးမြတ်အောင် )

  1. ရွာသာရွာပါမိုး ( ချမ်းမြေ့မောင်ချို )
  2. ထာ၀ရ( ချမ်းမြေ့မောင်ချို ) { မို့မို့..ကနဦး သီဆိုခဲ့သည်)
  3. ထာ၀ရ (ချမ်းမြေ့မောင်ချို  )
  4. အချစ်သီချင်း ( ချမ်းမြေ့မောင်ချို  )
  5. အိမ်မက် ( ချမ်းမြေ့မောင်ချို  )
  6. Loser ( ချမ်းမြေ့မောင်ချို )
  1. ရှင်နော် ( တွင်ကယ် )
  1. ငှက်ခါးလေးအသိပါ ( တက္ကသိုလ်အေးမောင် )
  2. ငှက်ခါးလေးအသိပါ ( တက္ကသိုလ်အေးမောင် )

  1. တစ်ခါကရော့ခ်အင်ရိုး (ဘိုဘို) ( Guitar Pro 
  2. တစ်နေ့နေ့တစ်ချိန်ချိန် ( ဘိုဘို )
  3. တို့ဝေးရာ (ဘိုဘို)
  1. ‌ဆွေး ( မို့မို့ )
  1. ပိုင်ရှင်  (ဇော်ဝင်းရှိန် )
  2. ရိုစီတာမှမနှင်းဆီသို့  (ဇော်ဝင်းရှိန် )
  3. ပြူတင်းပေါက်ကငွေလမင်း ( ဇော်ဝင်းရှိန် )
  1. မြန်မာပြည်ကိုလာပါ ( နွဲ့ယဉ်ဝင်း/မီမီဝင်းဖေ/ပိုးဒါလီသိန်းတန်/မေဆွိ/ သန္တာဦး/ဟေမာနေဝင်း )
  2. မီးမီးလေးရဲ့မေ့မေ့ကျောင်း ( နွဲ့ယဉ်ဝင်း )
  3. ဒီအချိန်ကစ ( နွဲ့ယဉ်ဝင်း )
  1. မူပိုင်ရှင်ကြီးမမခိုင် (ဒွေး)
  1. ဘာတွေဖြစ်ဦးမလဲ ( ယုဇန+အနဂ္ဂ )
  1. ဆုလာဘ်(ရေမွန်_Idiots)
  1. မိုးခါးရေ ( David Lai )
  1. စာမလာသတင်းမကြား  ( စိန်လွင် )
  1. ဆုံးဖြတ် (ပိုးမီ)

  1. Rock & Role ေခတ်သစ်ရေစီး (ဒဲရစ်မေလာ)
  2. သဲနု (ဒဲရစ်မေလာ)
  3. နီးရတော့မယ်အဝေးကချစ်သူ ( ဒဲရစ်မေလာ )
  4. ဘယ်သူကချစ်ခိုင်းလဲလို့ဒဲရစ်မေလာ )

















Credit : April Minn, Ag MyoTun Hein, Sir Htay Lwin (Chauk), Sir Mg Mg Soe, Thein Swe Win, ko toezarmani, U Too U Myint, Mr.Guitar, Mr.KB, Sr.PA,Thura (Thaw)2၊ DAX8၊ Phyo La Pyae ,Sr.Nyunt Nwe , Ko Nay.L.Htun, Win Ko Ko & Nyein.Kyaw.Zin


Sunday, 13 November 2022

ဘ၀


 သာမန်အားဖြင့် မိမိတို့ နုတ်ဘလော့လေးဟာ ကြော်ငြာမောင်းခတ်တာတွေလုပ်လေ့မရှိပါဘူး။ အချိန်ဆင်းရဲတဲ့သူတွေဖြစ်လို့ ဂစ်တာမကိုင်တော့သလို ဘာနုတ်မှလည်း မထုတ်ဖြစ်တော့ပါဘူး။ သို့သော်လည်း  ၁၀ နှစ်ကျော် လုပ်လာတဲ့ ဘလော့လေးကို အားထားနေတဲ့ ပရိုမဟုတ်တဲ့ နုတ်မထုတ်တတ်တဲ့ အပျော်တမ်း ဂီတဝါသနာအိုးမောင််နှမတွေအတွက် အီးမေးလ်နဲ့ပို့ လှူလာတဲ့ သီချင်းနုတ်လေးတွေကိုဘဲ မအားကြတဲ့ကြားက ကုသိုလ်ဖြစ် တင်ပေးနေတာပါ။ ကနေ့တော့ ထူးထူးဆန်းဆန်း မိမိတို့နုတ်ဘလော့ရဲ့ regular visitor ပါလို့ ဆိုတဲ့ တစ်ယောက်က email နဲ့ မေမြို့က အဆိုတော်သစ်တစ်ဉီးရဲ့ နုတ်တွေ ပို့လှူလာပြီး၊ အခြား အဆိုတော်ပေါင်းစုံရောထားတဲ့ "ကောင်းနိုးရာရာ"ဆိုတဲ့ နုတ်အခန်းထဲမထည့်ဘဲ..ချမ်းမြေ့မောင်ချိုတို့လို အခန်းသစ်လေးနဲ့ တင်ပေး ပါလို့ မေတ္တာရပ်လာပါတယ်။ မေးလ်ပို့သူက "အပြုံးပိုင်ရှင်လေး" ဆိုတဲ့ MTV တစ်ပုဒ်ရဲ့ လင့်နဲ့ " ဆိုးတဲ့လူငယ်" ဆိုတဲ့ youtube လင့် လေး နှစ်ခုပါ ပူးတွဲပို့လာပြီး၊ သေချာနားထောင်ပြီးကြိုက်မှ နုတ်အခန်းဖွဲ့ပါလို့ ညွှန်းလာခဲ့ပါတယ်။( မှတ်ချက်။ လင့် ၂ ခုကိုအောက်တွင် ဖော်ပြပေးလိုက်ပါသည်)

 အဲ့ ပန်းမြို့တော်က အဆိုတော်သစ်ကို မကြားဖူးပေမဲ့ အဲဒီအပြုံးပိုင်ရှင်လေးဆိုတဲ့ MTV ကို လူ ၅ သိန်းကျော် ကြည့်ထားတာတွေ့တော့ အချဉ်မဟုတ်ဘူးလို့တော့ ကောက်ချက်ချမိပါတယ်။ အဲ.. နားထောင်လိုက်တော့..  ချက်ချင်း တန်းငြိသွားကြောင်းဝန်ခံမိပါတယ်။ အထူးအားဖြင့် အပြုံးပိုင်ရှင်လေးဆိုတဲ့ MTV ထဲက "စိတ်..........ပူ...လို့" ဆိုတဲ့ Lyrics ကို high pitch ကနေ ရုတ်ချည်း ဖြုတ်ချပြီး ဆိုလိုက်တဲ့ vocal maneuver အထာလေးက  ကိုငှက်ကြီးရဲ့ ပထမဉီးဆုံး "နာရီပေါ် က မျက်ရည်စက်များ" စီးရီးရဲ့ "ခွင့်မပြု" သီချင်းထဲက.... " တစ်သက်လုံးဘဲ....ကိုယ်လေချစ်မယ်" ဆိုတဲ့ verse လေး မဝင်ခင် အဲ့လိုဘဲ high pitch ကနေ ဆွဲချသွားတဲ့ အပျိုးလေး "အဲ..ဟိုအို့" ဆိုတဲ့ နုတ်ကလေးကို သွားသတိရစေပါတယ်....။ နောက်ပြီး " ဆိုးတဲ့...လူငယ်"ဆိုတဲ့သီချင်းကို နားဆင်ကြည့်လိုက်တော့မိမိတို့ ငယ်စဉ်က ဂစ်တာရူးဘ၀ကို လွမ်းဆွတ်မိသွားစေပါတယ်...။ ဒါနဲ့ဘဲ ဆုံးဖြတ်လိုက်တယ်..နုတ်အခန်းသစ်ဖွင့်ပေး လိုက်ရုံသာမက advertisement ပါ လုပ်ပေးမယ်လို့။.... ဒီနုတ်ဘလော့လေးကို နှစ်ပေါင်း များစွာ အားပေးနေတဲ့ ဘော်ဘော် ကြီးငယ်တွေ အားလုံးလည်း ကိုဗစ်ကြားက ခက်ခက်ခဲခဲထွက်ရှိလာခဲ့တဲ့ ကိုယ်ပိုင်သံစဉ်သမား....ပန်းမြို့တော်က အဆိုတော်သစ်လေးကို အားပေးဝန်းရံပေးလိုက်ကြပါအုံးလို့..။

သူ့သီချင်းတွေအားလုံးနားမထောင်ရသေးပေမဲ့ ၂ ပုဒ်နဲ့တင် အတော်လေးခိုက်သွားမိပါတယ် ............. အဲ့ ၂ ပုဒ်ကိုလည်း အောက်မှာ လင့်တွဲပေးလိုက်ပါတယ်... စမ်းနားထောင်ကြည့်ပေါ့... ကိုငှက်တို့လိုမျိုး genius အသစ်တွေ ထပ် ထွက် လာ စေချင် သေးတယ်......။
....ဘ၀ရဲ့ဘ၀လည်း.......... အောင်မြင်ပါစေရယ်လို့...။














................................................................

ဆိုးတဲ့လူငယ်..သီချင်းလင့်နဲ့စာသား

အပြုံးပိုင်ရှင်လေး..MTV သီချင်းလင့်နဲ့စာသား