Friday, 7 September 2012



 ပြန်လည်မွေးဖွားခြင်း 


ကျွန်တော့်တို့ BLOG လေး ပျောက်သွားတာကို Hack ခံရတယ်လို့ ကျွန်တော်တို့ ဒီလိုဘဲ ထင်မြင်ခဲ့ ပါ တယ်။ တစ်လောက ပညာရှင်တစ်ဦးနဲ့ဆွေးနွေးကြည့်တော့မှ မိုက်ခရိုဆော့ဖ်နဲ့ ဂူးဂဲက သူတို့ ဆာဗာ တွေ၊ web-services တွေပေါ်ကို Crack တွေ Patch တွေလုံးဝအတင်မခံဘူးတဲ့။ တင်ထားနဲ့ တင်တဲ့ Blog ကို disable တန်းလုပ်တယ်လို့ ရှင်းပြပါတယ်။ သူ ပြောလို့ သေချာပြန်စဉ်းစားလိုက်တော့  Blog မပျောက်ခင် ၂ ရက် အလိုလောက်မှာ .. ညီငယ်တစ်ဦးက လိုချင်တယ်-တင်ပေးပါဆိုလို့. .နောက်လူတွေလဲ အလွယ်တကူ ရအောင်ဆိုပြီး Guitar Pro Offline Key-maker ဖိုင်သေးလေးကို GoogleDrive မှာ တင်လိုက်ပြီး..Blog မှာ လင့်ချိတ်လိုက်ပါတယ်။ ၂ ရက်လောက် ကြာတော့ Blog လုံးဝပျောက်သွား တာကို သတိရမိပါတယ်။

ဟက်ကာတွေဆိုတာလဲ သူတို့ ကိုထိခိုက်မှ၊ သူတို့ အကျိုးစီးပွား ပါမှဘဲ ဟက်လေ့ရှိ တယ်လို့ သိထားပါ တယ်။ ဒီလို စေတနာမေတ္တာနဲ့ ကုသိုလ်လုပ်ထားတဲ့ ဘလော့ဂ်ကို ဖျက်လို့ လည်း သူတို့ ဘာ အကျိုး မှ မရှိဘူးဆိုတာသိမှာပါ။

အရင်ဘလော့လေးပျောက်သွားချင်းချင်း..တအားဒေါသထွက်ခဲ့ပါတယ်။ ငါတို့ ဒီလောက် အချိန်ကုန်၊ငွေကုန်ခံ၊ကျန်းမာရေးထိခိုက်ခံပြီး လူငယ်ဂီတသမားလေးတွေ အတွက် စေတနာ မေတ္တာအဖြူသက်သက်နဲ့  နှစ်ပေါင်းများစွာလုပ်ပေးခဲ့တာကို ဖျက်ဆီး ရက်လေခြင်းဆိုပြီး၊ အနား တောင်ရသေး-ကျေးဇူးတင်သေး- နောင် ဘယ်တော့ မှပြန်မလုပ်တော့ဘူးကွာ ဆိုပြီး နေခဲ့တာပါ။  ဒါပေမဲ့.. Facebook ထဲမှာ PM တွေနဲ့ ကျွန်တော်တို့က နယ်တွေကပါ- ဒီ Blog  လေးတွေ ကိုဘဲ အားကိုးပြီး သင်ကြားတီးခတ်လေ့ကျင့်နေရ တာပါ။ ပြန်လုပ်ပေးလို့မရဘူးလား၊ အဟက်ခံရမှာစိုးလို့..ကိုယ်ပိုင် Domain ၀ယ်လုပ်မယ်ဆိုလည်း ငွေကြေးဝိုင်း ထည့်ပေးပါမယ်လို့.. ၀မ်းနည်းစကားတွေဆိုလာတော့၊ ငါ ဂီတာမတီး သီချင်းနားမထောင်တော့ပေမဲ့ သူတို့တွေရဲ့ ဂီတ ရည်းမှန်းချက် တွေ ကို ရိုက်မချိုးသင့်ဘူး ဆိုပြီး... မအားတဲ့ကြား က ပြန်လုပ်ပေးဖို့ ဆုံးဖြတ် ခဲ့တာပါ။ 

ရသလောက် နုတ်ဒေတာ တွေလိုက်ဆယ်ပြီး နုတ်ဘလော့ဂ်ကို ပြန် လည် ပြုပြင်နေတာပါ။
ဒေတာ အတော်များများပြန်ရပေမဲ့...သေချာ စိတ်ရှည်လက်ရှည်နဲ့ လုပ်ထားတဲ့ အဆိုတော်ဓါတ်ပုံတွေ အကုန်နီးပါး ပလုံ ကုန်ပါတယ်။ အဲဒါတွေအချိန်ယူလိုက်ဖြည့်နေရဆဲပါ။ 

ဒီ Reborn-Blog လေး အတွက် အရင်လို နုတ်တွေ လှူနိုင်-တင်နိုင်ပါတယ်။  ပို့၇မဲ့လိပ်စာကတော့ myanmarmusicnotes@gmail.com ပါ။

ကျွန်တော်တို့ Blog လေးက ကျေးရွာစာကြည့်တိုက်လေးတစ်ခုလိုပါ။ သတင်းစာဟောင်း၊စာအုပ်၊ဂျာနယ် ဟောင်းလေးတွေလို..နုတ်ဟောင်းလေးတွေပေမဲ့ သေသေချာချာ အဆိုတော် အလိုက် သပ်သပ် ယပ်ယပ် လေး ဓါတ်ပုံလှလှလေးတွေ၊ Animation လှလှလေးတွေနဲ့ ကဗျာဆန်ဆန်လေး လုပ် ပေး တင်ပေး ထား တာပါ။  ကျွန်တော့်သူငယ်ချင်း Pro ကိုအေးလိုတော့ update တွေ  နုတ်ထုတ်မတင်နိုင်ပါဘူး။  ကိုအေး တင်လေ့ မရှိတဲ့..ဂစ်တာပရို နုတ်တွေ (ပြည်ပကော .မြန်မာ ညီလေးတွေ ထုတ်ထားတာရော ) များစွာ တင်ထားပါတယ်။  ကိုအေးဆီက ကောင်းနိုးရာရာတွေလဲ ခရက်ဒစ်ပေးပြီး ယူတင်ပါတယ်။ ဂဏန်းနုတ်၊ပရိုနုတ် စုံစုံလင်လင်နဲ့ စာကြည့်တိုက်သဘောပါ။

အခုဘလော့လေးကို ကူလုပ် ကူတင်ပေးနေတဲ့ ဂစ်တာသမား ညီလေး တစ်ဦး နှစ်ဦး ကအဓိကထားကူညီ Update လုပ်ပေးနေတာပါ။ မအားလို့ တင်စရာမရှိရင်လည်း နုတ်ဘလော့ဂ်ကို စာကြည့်တိုက်လေးလိုဘဲ ရှိထားပေးနေမှာပါ။ လိုတဲ့အချိန်.လိုတာလေး ပြန်လာဒေါင်းနိုင်တာပေါ့ ဗျာ.....

သိပ်မကြာခင် နုတ်ဘလော့လေး နဂိုအတိုင်းပြန်လည် အသက်ဝင်လာဖို့မျှော်လင့်မိပါတယ်။




5 comments:

  1. လေးစားပါတယ်အကိုရေ
    အရင် blog ကတည်းက အားပေးလာတဲ့ ပရိတ်သတ်ပါ။
    myanmarsongsnotes ဆိုတဲ့ blog လေး အမြဲဝင်ကြည့် လိုချင်တာတွေ့ရင်ယူနေကြပါ။
    ပျောက်သွားလို့ နှမျောနေတာ။ ပြန်မတွေ့ရတော့ဘူးထင်နေတာ။ အခုမှစိတ်ကူးရပြီးထရှာကြည့်တော့ ဒီ blog လေးကိုတွေ့ရတာ။ အပြင်အဆင်နဲ့ updated စာလုံးဒီဇိုင်းကြောင်ြ့ ထင်တော့ထင်ပါတယ်။ ဒီပို့်စ် တွေ့တော့သေချာသွားတာပေါ့။ ကိုယ်ကျိုးမပ်ါပဲ ဝါသနာရှင်တွေအတွက် အရင်းခံတင်ပေးထားတဲ့အတွက် လေးစားမိပါတယ်။ အမြဲအားပေးနေပါတယ်။

    ReplyDelete
  2. အား​ပေးပါတယ်​ဗျာ
    အထူး​နော်

    ReplyDelete
  3. အား​ပေးပါတယ်​ဗျာ
    အထူး​နော်

    ReplyDelete
  4. အရမ်းလေးစားပါတယ် အကိုတို့ ရေ

    ReplyDelete
  5. အရမ်းလေးစားပါတယ် အကိုတို့ ရေ

    ReplyDelete