
- အရင် နုတ်စ်တွေရေးလှူနေကြ ဖိုးလပြည့် လှူပို့လာတဲ့ အောက်ပါ Guitar Pro နုတ် (၃)ခု ကို သက်ဆိုင်ရာအခန်းတွေမှာ တင်လိုက်ပါတယ်-
(၂) ကိုယ်ရံတော်..ရွှေရည်ဖြိုးမောင်..အခန်း (၉၅) အခြားမြန်မာသီချင်းကောင်းနိုးရာရာများ
(၃) ပတ်သက်ခဲ့သမျှ...အငဲ....အခန်း (၉၂)
- Update မလုပ်ရတာကြာပြီဖြစ်တဲ့ ကိုငှက် အခန်းထဲမှာ " ရွှေစင်" သီချင်းရဲ့ Guitar Pro နုတ် လေး တင်လိုက်ကြောင်းပါ။ BLOG သစ် ပြန်လည်မွမ်းမံခြင်းမှာ ကိုငှက် အခန်းကို သူ့အထုပ္ပတိစာအုပ် (၂)အုပ်၊ သူကိုယ်တိုင် မဂ္ဂဇင်း (၂)ခုနဲ့ အင်တာဗြူးလုပ်ထား တာလေးတွေ တင်ပေးထားတာပြန်ဖတ်ပြီး ကိုငှက် ကို အလွမ်းဖြေနိုင်ကြောင်းပါ....။
- ကိုငှက် ဖန်တွေဆီကရတဲ့ ချစ်သူစက်ရာ နဲ့ ကိန်းဂဏန်းများ တရုတ်နုတ်လေးများ တင်ပေးထား တာလည်း ဒေါင်းနိုင်ကြောင်းပါ။



- အခန်း(၅၁) ဖြူဖြူကျော်သိန်း အခန်းထဲမှာ (၁) ချစ်သူအမုန်းကျိန်စာ (၂) ရူးလည်း ရူးပါစေ (၃) မင်းအတွက်အချိန်တိုင်း Guitar Pro 6 Notation နုတ်သစ် (၃)ပုဒ် တင်လိုက် ပါ တယ်။ အလှူရှင်ကတော့ ကျွန်တော်တို့ နုတ် BLOG သမိုင်းဦးကတည်း က တောက်လျှောက် ဂစ်တာပရိုနုတ်တွေ ကိုယ်တိုင်အပင်ပန်းခံ ရေးပြီး Contribute လုပ်လာတဲ့... ကိုသော်သော် ဘဲဖြစ်ပါတယ်။ ပျက်သွားတဲ့ Blog ဟောင်း နဲ့ မေးလ် မှာ သူ့လိပ်စာ ပါသွားလို့ အဆက် အသွယ်ပြတ် သွားလို့ စိတ်မကောင်းဖြစ်နေချိန်၊ သူကိုယ်တိုင်ရေးထားတဲ့ ဒီ ဂစ်တာပရိုနုတ်သစ်တွေ လှူလာတာ အရမ်းဝမ်းသာမိပါတယ်။ အခု သူရေး ထားတဲ့ Guitar Pro နုတ်ထဲက Vamping တွေ က တကယ့် Distortion ဂစ်တာတွေနဲ့ တီးထားတဲ့အတိုင်း နားထောင်လို့အရမ်းအရသာရှိတယ်ဗျာ (ကျေးဇူးပါ..ကိုသော်ရေ ! )။ ခင်မောင်တိုးအခန်းထဲမှာ " ပန်းချစ်သူ" ကိုယ်ပိုင်သံစဉ်သီချင်းကို Guitar Pro နဲ့ ကိုသော်သော် ရေးထား တာ လေး ခိုက်လွန်းအားကြီး လို့ MP-3 ပြန်ပြောင်းပြီး iPhone ထဲမှာကို ထည့်ပြီး မကြာခဏ ပြန်နားဆင် ဖြစ်ပါတယ်။ ဒီလိုလူတွေရဲ့ Concerted Effort နဲ့ Contribution မပါဘဲ ဒီ နုတ်ဘလော့ ဒီနေ့ဒီလို အခြေအနေထိ ဖြစ်လာစရာ အကြောင်းမရှိပါ။


- နောက်အီးမေးလ် နဲ့ အလှူရှင်တစ်ဦးက ဒီ BLOG ကို ကိုယ်တိုင်ရေး Guitar Pro နုတ် တွေ TAB နုတ်တွေ တောက်လျှောက် Contribute လုပ်ခဲ့သလို BLOG ဟောင်းပျက်ဆီးသွားတုံးက အရင်ဆုံး ၀မ်းနည်းခဲ့ရသူလို့ ဆိုတဲ့ ညီတော် မင်းညို ဖြစ် ပါတယ်။ အခန်း(၅၆) မျိုးကြီး အခန်း ထဲမှာ ပြန်မရဘူးအမုန်းကျိန်စာ နဲ့ အခန်း(၉၂) အငဲ အခန်းထဲ မှာ နယ်မြေသစ် များ စွာ သီချင်း များ ကို TAB နုတ်တွေ မက ..မြန်မာသီချင်းစာသား တွေ၊ ဂစ်တာကော့ဒ်တွေနဲ့ပါ အပင်ပန်း ခံ ရေးသား ဖန်တီး ပြီး ပေးပို့လာလို့ ချက်ချင်း Update လုပ်ပေးလိုက် ကြောင်းပါ။
- အထက်ပါ Regular Contributor တွေသာ မက နုတ်ဘလော့လေး ကို များစွာပံ့ပိုးပေးခဲ့တဲ့ ကိုစတိဗ် တို့ ၊ Guitar Pro တွေ ကိုယ်တိုင် အပင်ပန်းခံ ရေးပို့တတ် တဲ့.. ကိုဆက်အောင်နိုင် (အဆက်အသွယ်ပြတ် သွားပါသည်။ မေးဟောင်းထဲလိပ်စာပါသွားလို့ ) တို့၊ မင်းသန့် တို့..နံမည် မမှတ်မိ တော့ တဲ့ အခြား ညီအကိုတွေ ကိုလည်း Myanmar Notes Team က အမြဲ အမှတ်ရ ကျေးဇူး တင်နေကြောင်းပါ။ သူတို့ရေး ပို့ခဲ့တဲ့ Guitar Pro နုတ်တွေ ဒေါင်းသွားတဲ့ သူတွေပို့ တဲ့ မေတ္တာနဲ့ ကုသိုလ် မြတ် တရားတွေ အားလုံး သူတို့ ရကြမှာ..အသေအချာပါ။ ....
- အခန်း(၄၈) ဖိုးကာ အခန်းထဲမှာ (၁) ရင်ထဲကလာတဲ့သီချင်း... Oriental Notation (၂) ငါ့ရဲ့လျှို့ဝှက်ချက် TAB Notation နုတ်သစ် (၂)ပုဒ် တင်လိုက်ပါတယ်။

- အခန်း(၂) Classical Notations အခန်းထဲမှာ ဂျက်ကီချန်ရဲ့ The Myth ဇာတ်ကား ဇာတ်ဝင်တေးဖြစ်တဲ့EndLess Love (Guitar Pro tabs) ကို တင်ပေးလိုက်ပါတယ် အတော်တီးလို့ကောင်းတဲ့ သီချင်းတစ်လည်းဖြစ်ပါတယ်ခင်ဗျာ

- Update မလုပ်ဖြစ်တာကြာပြီဖြစ်တဲ့ အခန်း(၃၁) တူးတူး အခန်းထဲမှာ (၁) အိမ်ရှေ့ကလမင်း (၂) ဘာကြောင့်မင်းလေးက မုန်းတာလဲ (၃) နင်ငါ့ကို အမြဲလာအပြစ်ရှာ (၄) ခေါင်းအေးအေး နဲ့စဉ်းစားလိုက် သီချင်းများရဲ့ Guitar Pro နုတ်အသစ် (၄)ပုဒ် ကို ရုံး/ကျောင်းပိတ်ရက် တနင်္ဂနွေနေ့ လက်ဆောင် အဖြစ် တင်ပေးလိုက်ပါတယ်။
- အခန်း(၆၆) ရှင်ဖုန်း အခန်းထဲမှာ(၁) ကိုယ်ပိုင်တဲ့ကိုယ့်နေရာ (၂) ရင်ခုံမိသူ Guitar Pro နုတ် (၂)ပုဒ် တင်လိုက်ပါတယ်။ Classical Guitar တစ်လုံးတည်းနဲ့တီးထားတာပါ။ အရမ်းမိုက်တယ်ဗျာ

- အခန်း(၉၂) အငဲ အခန်းထဲမှာ တစ်ခန်းရပ်ပြဇာတ် tab နုတ်(intro Only)၊ မရည်ရွယ်ပဲဖြစ်နိုင်တယ်(GuitarPro tab)၊ စိတ်ရွက်လှေ tabs သီချင်းများကိုတင်ပေးလိုက်ပါတယ်

- အခန်းနံပါတ် (၈၆) Lလွန်းဝါ အခန်း ထဲမှာ " သူပဲ " သီချင်း တရုတ်နုတ် တင် လိုက်ပါတယ်။ Lလွန်းဝါ နဲ့ ကဗျာဘွဲ့မှူး တို့ ရဲ့ စုံတွဲတေးနုတ်ပါ။ ပို့သူဆရာဇော်ပါ။

- အခန်းနံပါတ် (၂၈) ကိုညီထွဋ်အခန်းထဲမှာ အောက်ပါ တရုတ်နုတ်၊ Guitar Pro နုတ် တွေ တင် လိုက် ပါတယ်-
(၂) အသဲကွဲအနမ်း.........တရုတ်နုတ်
(၃) အသဲကွဲအနမ်း.........Guitar Pro နုတ်
(၄) ရှေ့ပြေး.................တရုတ်နုတ်



အခန်းနံပါတ် (၉၂) အငဲ အခန်းထဲမှာ အကြည့် သီချင်း တရုတ်နုတ်တင်လိုက်ပါတယ်။အဲ့ဒီ့ သီချင်းရဲ့ Guitar Pro နုတ်ကို ယခင်ကတင်ထားပြီးသားပါ။ ပို့သူဆရာကိုဇော်ဝင်းပါ။

အခန်းနံပါတ် (၃၈) ထွန်းအိန္ဒြာဗို အခန်းထဲမှာ ဆိုရင် သီချင်း တရုတ်နုတ်ကို တင်လိုက်ပါတယ်။ ပို့သူဆရာကိုဇော်ဝင်းပါ။


အရင်ဘလော့ဟောင်းမပျက်ခင်လေးတင်..ကီးဘုတ်ကိုဇော်ဝင်းလှူပို့ခဲ့တဲ့ ၀ိုင်းစုခိုင်သိန်း ရဲ့ (၁) လိပ်ပြာဝှက်တမ်း နဲ့ (၂) မှားပြီနော် (အဆိုတော်ဟဲလေးနှင့် Duet Song ) Oriental Notations နှစ်ပုဒ် တို့ကို ဓါတ်ပုံ ဒီဇိုင်းအသစ် လေးတွေ ပြန်လုပ်ထားတဲ့ ၀ိုင်းစုခိုင်သိန်း ရဲ့ အခန်းနံပါတ် (၇၃) ထဲမှာ စတင် Update လုပ်လိုက်ပါတယ်။
- တကယ်တော့ ဒီ BLOG သစ်ကို မွန်းမံနေတဲ့ လုပ်ငန်း မပြီးသေးပါဘူး။ တစ်တိတိ နဲ့ နေ့တိုင်း..မအား တဲ့ကြားထဲက.. အချိန်ပေးလုပ်ပေးနေတာပါ။ သို့သော် နုတ်အသစ်ရထား တာ လေး တွေတော့ BLOG ပြင်ရင်း တင်တင်သွားမှ ဆိုပြီး တင်ပေးလိုက်တာပါနော်။ ဂဏန်းနု တ် တွေ ဘဲ ဖြစ်ဖြစ်၊ Guitar Pro နုတ်သစ်လေးတွေဘဲဖြစ်ဖြစ်၊ ကျွန်တော်တို့ အီးမေးကို ယခင်ဘလော့ဟောင်းတုံးက အတိုင်း ပို့လှူကြပါအုံးလို့ မေတ္တာရပ်ပါတယ်ခင်ဗျာ။ ဒီ BLOG ဟာ တစ်ဦး တစ်ယောက်တစ်ဖွဲ့ လူစုလေး က လုပ်ထားတဲ့ BLOG မဟုတ်ပါဘူး။ လာလည် အားပေး ကြ သူ တွေ နုတ် တွေ လှူပို့သူတွေကြောင့်သာ ဒီလောက်ထိဖြစ်လာခဲ့တာပါ။

R-ဇာနည် ရဲ့ လက်ထပ်လက်စွပ် သီချင်း Guitar Pro နုတ်ကို သူ ရဲ့ အခန်းနံပါတ် (၈၇) ထဲ မှာ Update လုပ် တင်ပေး လိုက်ပါတယ်။






Notes တွေရှာဖို guitar pro ထက်မိုက်တဲ့ guitar tab playerပါ
ReplyDelete့https://db.tt/Sx7I0Psz